October 23, 2024

၂၂. ၁၂. ၂၀၂၂
Written by Nay Aung

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ နီကိုလပ် အာဂျူလာ အမည်ရှိ အကြားအမြင်ဆရာတစ်ဦးဟာ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်လာဖွယ်ရှိတဲ့ အဖြစ်ပျက်များကို ကြိုတင်ဟောကိန်းထုတ်ခဲ့ရာ လူအများအံအားသင့်လျက်ရှိနေကြောင်း သိရပါတယ်။

အသက် ၃၇နှစ်အရွယ်ရှိ နီကိုလပ် အာဂျူလာဟာ ပြီးခဲ့တဲ့ သုံးနှစ်ခန့်ကလည်း ကမ္ဘာတစ်ဝန်းမှာ တုပ်ကွေးရောဂါဖြစ်ပွားမယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့ရာ ၎င်းဟောကိန်းထုတ်တဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားခဲ့ဖူးပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ရှုံးနိမ့်မယ့်ဆိုတဲ့အချက်၊ ကန်ရီဝက်နဲ့ ကင်ကာဒက်ရှီယမ်တို့ လမ်းခွဲမယ့်အကြောင်း၊ ပဲရစ်ဟီလ်တန် သားသမီးရမယ့်အကြောင်း၊ လင်ဆေးလိုဟန် အရှုပ်အထွေးပြဿနာတွေ ဖြစ်မယ့်ကိစ္စ၊ ဂျနီဖာ အန်နီစတန် ချစ်သူအသစ်ရမယ့် ကိစ္စတွေ ကြိုတင်ဟောကိန်းထုတ်ခဲ့ရာ အားလုံးမှန်ကန်ခဲ့ဖူးတယ်လို့ သိရပါတယ်။

နီကိုလပ် အာဂျူလာဟာ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိတာတွေကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာမှာ ဗြိတိန် တော်ဝင်မိသားစုအတွက် ဘေးဒုက္ခအခက်ခဲများဖြစ်မယ်ဆိုတဲ့အချက် အံအားသင့်ဖွယ်ပါဝင်လာပါတယ်။

နီကိုလပ် အာဂျူလာက ၂၀၂၃ခုနှစ်အတွင်းမှာ ဗြိတိန် တော်ဝင်မိသားစုရဲ့ ပေါ်ပြူလာဖြစ်မှုနဲ့ ဝင်ငွေရမှု ကျဆင်းလာနိုင်သလို ဗြိတိန်ဘုရင့်ကြီးကျန်းမာရေးပြဿနာရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံရဲ့အဓိကအဆောက်အဦး မီးလောင်မှုဖြစ်ပွားမယ်ဆိုတဲ့အချက် နီကိုလပ် အာဂျူလာရဲ့ဟောကိန်းထဲမှာ ပါဝင်နေလို့ ဗြိတိန် ဘုရင့်နန်းတော်၊ ဒါမှမဟုတ် ဗြိတိန်ဝန်ကြီးချုပ်ရုံး မီးလောင်မှာကို စိုးရိမ်မှုဖြစ်လျက်ရှိနေပါတယ်။

ဗြိတိန်နိုင်ငံမှာ ၂၀၂၃ခုနှစ်အတွင်း ပြည်သူတွေက အစိုးရခေါင်းဆောင်တွေကို ဖြုတ်ချဖွယ်ရှိတယ် ဆိုတဲ့အချက်ကိုလည်း အရိပ်အမြွက်ပြောဆိုထားကြောင်းသိရပါတယ်။

နီကိုလပ် အာဂျူလာက “ဗြိတိန်တော်ဝင်မိသားစုဟာ ဝင်ငွေနဲ့ ပေါ်ပြူလာဖြစ်မှု ကျဆင်းလာတဲ့အတွက် ပိုင်ဆိုင်မှုတွေကိုရောင်းချခြင်း ဒါမှမဟုတ် သူတို့အိမ်ရာ၊ အဆောက်အဦတွေကို ဟိုတယ်အဖြစ် ပြောင်းလဲရတာ၊ ဗြိတိန်တော်ဝင်မိသားစုများ ခွဲခြားနေထိုင်ရခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းဖွယ်ရှိတယ်။ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုဟာ အချိန်ကြာနိုင်ပြီး အနည်းဆုံး ၆ နှစ်၊ ၇ နှစ်လောက် စီးပွားရေးကျဆင်းနိုင်တယ်။” လို့ ဆိုထားပါတယ်။

ဒါ့အပြင် နီကိုလပ် အာဂျူလာက လာမဲ့၂၀၂၃ခုနှစ်အတွင်း နာမည်ကျော်အဆိုတော် မက်ဒေါ့နားအတွက်လည်း စိတ်ပျက်ဝမ်းနည်းဖွယ်အဖြစ်ပျက်များ ဖြစ်လာနိုင်ကြောင်း၊ ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။ နီကိုလပ်က ” မက်ဒေါ့နားဟာ အရင်နဲ့မတူဘဲ လာမယ့်နှစ်မှာ အခက်အခဲတွေ ဖြစ်လာနိုင်မယ်လို့ ခံစားမိတယ် ” လို့ ပြောပါတယ်။

Ref, msn ၊7news.com

Leave a Reply

Your email address will not be published. Required fields are marked *