October 20, 2024

၈. ၆.၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်များတွင် အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်နေ့မှ စတင်ပြုလုပ်သည့် စစ်ဆင်ရေးတွင် PDF ၁၄ ဦးသေဆုံးသည်ဟု NUG စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင်သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာနှင့် တီလောင်လမ်းဆုံနှင့် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်းပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာ၊ ဆိတ်စားရွာအနီးရှိ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟုလည်း ပြောသည်။

အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ခန္တီးခရိုင် တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်/မြို့နယ်/ကျေးရွာ ပကဖနှင့် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများနှင့် တိုက် ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများတွင် PDF (၁၄) ဦး သေကြောင်း NUG က အတည်ပြုသည်။

ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင် (၇၀) ကျော် (အလောင်း ၂၄ လောင်းရ) သေဆုံးကာ လက်နက်ငယ် (၃၉) လက် သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သော်လည်း ပုံများမဖော်ပြနိုင်သဖြင့် အဆိုပါသေဆုံးသည်ဆိုခြင်းများကိုမူ MT News က အတည်မပြုနိုင်ချေ။

Leave a Reply

Your email address will not be published. Required fields are marked *