October 21, 2024

၇.၆.၂၀၂၄
Written By Thandar

ယနေ့ ဇွန်လ ၇ ရက် ညနေ ၄ နာရီခွဲက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ Yangon Convention Center (YCC) မှာ ၁၁ ကြိမ်မြောက်ကျင်းပတဲ့ Miss Universe Myanmar 2024 Grand Final Night ပြိုင်ပွဲကြီးမှာ တိုင်းနဲ့ပြည်နယ် ကိုယ်စားပြုအလှမယ် ၅၂ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာက Title ဆု ၆ ဆုနဲ့အတူ Winner ဆုကို အလှမယ် သက်စံအန်တာစံ ဆွတ်ခူးရရှိခဲ့ပါတယ်။

အလှမယ်တွေကို ပထမဦးစွာ Title ဆုတွေအနေနဲ့ Miss Arttractive နဲ့ The Best Beauty Award အလှမယ် မိတ္ထီလာ၊ Photogenic အလှမယ် ပဲခူး၊ Miss Astornishing ဆုနဲ့ Miss Fashionable Award ဆုတို့ကို ရန်ကုန်မြောက်ပိုင်းအလှမယ်တွေက Title ဆုတွေ ရရှိခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ Miss Body Perfect နဲ့ Golden Ratio ဆုကို ရန်ကုန်မြောက်ပိုင်းအလှမယ်၊ Miss Healthy Skin ဆုကို တာချီလိတ်အလှမယ်၊ Miss Sporwear ဆုကို တောင်ကြီးအလှမယ်၊ Miss Catwalk ဆုကို ရန်ကုန်တောင်ပိုင်းအလှမယ်တို့က Title ဆုတွေ ထပ်မံရရှိခဲ့ကြပါတယ်။

ဆက်လက်ပြီးတော့ Top 20 စာရင်းကနေ Top 10 စာရင်းကို တိုင်းနဲ့ပြည်နယ်ကိုယ်စားပြုအလှမယ်တွေပြန်လည်‌ရွေးချယ်ခဲ့ရာမှာ မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်မြောက်ပိုင်း၊ တောင်ကြီး၊ မိတ္ထီလာ၊ ဘားအံ၊ တောင်ငူ၊ မြစ်ကြီးနား၊ ပုသိမ်၊ ရန်ကုန်တောင်ပိုင်း အလှမယ်တို့က ရွေးချယ်ခံခဲ့ရပါတယ်။

ပြိုင်ပွဲဝင်အလှမယ် ၅၂ ဦးထဲကနေ Title ဆုတွေ ထပ်မံရွေးချယ်ခဲ့ရာ Miss Beauty By Icon နဲ့ Miss Stunning In Glasses ရန်ကုန်တောင်ပိုင်းအလှမယ်၊ Miss Gorgeous နဲ့ Miss Elegant by seinnandaw ရန်ကုန်မြောက်အလှမယ်၊ Miss Beautiful Smile By Dsc မော်လမြိုင်အလှမယ်၊ Miss Best in Evening Grown ဆုကို ဘားအံအလှမယ်၊ Miss Popular Live By BIGO Live Myanmar ဆုကို မိတ္ထီလာအလှမယ် တို့က Title ဆုတွေ အသီးသီးရရှိခဲ့ကြပါတယ်။

Top 10 စာရင်းကနေ Top 6 Final List စာရင်းဝင်ထပ်မံရွေးချယ်ခဲ့ရာ အလှမယ်တွေကတော့ တောင်ငူ၊ ရန်ကုန်တောင်ပိုင်း၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ရန်ကုန်တောင်ပိုင်း၊ မိတ္ထီလာတို့က ရွေးချယ်ခံခဲ့ရတာပါ။

Top 6 စာရင်းဝင်အလှမယ်တွေကို မေးခွန်းတွေမေးမြန်းခဲ့ကြပြီး အဆုံးသတ်မှာ 5th Runner Up ဆုကို မြစ်ကြီးနားကိုယ်စားပြုအလှမယ် Mary Htoira၊ 4th Runner Up ဆုကို တောင်ငူကိုယ်စားပြုအလှမယ်သော်တာစန်း၊ 3rd Runner Up ဆုကို မော်လမြိုင်ကိုယ်စားပြုအလှမယ် အိမ့်မျက်ခြယ်၊ 2nd Runner Up ဆုကို ရန်ကုန်တောင်ပိုင်းကိုယ်စားပြုအလှမယ် ဟန်လေး၊ Bigo Live Myanmar ဆုရှင်နဲ့ 1st Runner Up ဆုကို မိတ္ထီလာကိုယ်စားပြုအလှမယ် ချယ်ရီမိုး၊ Miss Universe Myanmar 2024 Winner ဆုကို အလှမယ် သက်စံအန်တာစံက ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *