October 23, 2024

ပြည်တွင်းစက်မှုဇုန်များမှ ထုတ်ကုန်ပြပွဲတစ်ခုကို တွေ့ရစဥ်

၂၂. ၁၂. ၂၀၂၂
Written by Ye Kyaw

MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် SAC လက်ထက် နှစ်နှစ်အတွင်း ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၅ ဘီလျံကျော်ရှိ လုပ်ငန်း ၅၁ ခုသာ ခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။

SAC တာဝန်ယူထားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၁ ခုခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ကျပ် ၂၅၆ ဘီလျံရှိသည်။

ပြီးခဲ့သည့် NLD အစိုးရဟောင်းလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၂၀ ကျော်ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၂၅၅၀ ကျော်အထိရှိကြောင်း DICA မှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ ၃၄ နှစ်ကျော်တွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ခွင့်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၅၁၇၀ ကျော်ရှိပြီး အဆိုပါကာလအတွင်း ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်အထိ ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *