October 21, 2024

၇.၆. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ Khon Kaen ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် ယနေ့ ဇွန်လ ၇ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် ဆေးရုံကို လာရောက်ကာ ဆေးရုံတက်နေသည့် မြန်မာနိုင်ငံသားကို သေနတ်ဖြင့် လာရောက်ပစ်ခတ်လုပ်ကြံခြင်းမျိုးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းရဲမှူးကြီး Yosawat Kaew Suebthanich ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုကျော်စွာအောင်ကို လည်ပင်းအနောက်ဘက် သေနတ်ဒဏ်ရာဖြင့် ဒဏ်ရာများရရှိခဲ့သည်ကို တွေ့မြင်ခဲ့ကြောင်း၊ ဆေးရုံတာဝန်ရှိသူများသည် ကိုကျော်စွာအောင်ကို အရေးပေါ် ကုသခန်းကို လွှဲပြောင်းခဲ့သော်လည်း သေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

ထိုင်းရဲတပ်ဖွဲ့က အမှုကို စုံစမ်းစစ်ဆေးဆဲသာဖြစ်ကြောင်း၊ ပစ်ခတ်မှုဘာကြောင့်ဖြစ်ရသည်ဆိုသောအချက်ကို အတိအကျမသိသေးကြောင်း၊ ပစ်ခတ်လုပ်ကြံမှုကျူးလွန်ခဲ့သူသည် မြန်မာနိုင်ငံသားများဖြစ်ဖွယ်ရှိနေကြောင်း ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် သံသယရှိသူကိုစုံစမ်းစစ်ဆေးရန် ၎င်းအလုပ်လုပ်သည့် စက်ရုံကိုသွားရောက်ခဲ့သော်လည်း သံသယရှိသူကို မတွေ့ခဲ့ကြောင်း၊ သံသယရှိသူသည် ပစ်ခတ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးသွားဖွယ်ရှိနေသည်ဟုယုံကြည်ရကြောင်း ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုကျော်စွာအောင်၏ ချစ်သူဖြစ်သော ထိုင်းအမျိုးသမီးကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့​ရာ ကိုကျော်စွာအောင်၏ချစ်သူက ကိုကျော်စွာအောင်သည် ကျောကုန်းတွင်အဖုကြီးပေါက်ပြီးနောက် ဇွန်လ ၅ ရက်နေ့တွင်ဆေးရုံကိုတက်ရောက်ခဲ့ကြောင်း၊ ခွဲစိတ်ရန်အတွက် ဆေးရုံတွင်စောင့်ဆိုင်းနေချိန်အတွင်း လုပ်ကြံခံရခြင်းမျိုးဖြစ်ကြောင်း ပြောသည်။

REF MGRonline

Leave a Reply

Your email address will not be published. Required fields are marked *