October 21, 2024

၇. ၆. ၂၀၂၄
Written by Hey Mar

မွန်ပြည်နယ်၊ သထုံ-ဘီးလင်းလမ်းမကြီးပေါ်မှာ မနေ့က ဇွန်လ ၆ ရက် ည ၁၁ နာရီအချိန့်က ၁၂ ဘီးယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ကျွမ်း ပျက်စီးခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။

ဖြစ်စဥ်က ‌သထုံမြိုနယ်၊ ဇရပ်ကျွန်းလမ်းဆုံနဲ့ ရွှေမိုးဆီဆိုင်အနီး မိုးကောင်းကျေးရွာအလွန်မှာဖြစ်ပွားခဲ့ပြီး ဆွဲမိုင်းထိတဲ့ကားက ပဲတီစိမ်းတွေတင်ဆောင်လာတဲ့ ၁၂ ဘီးကားလို့ သိရှိရကာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

“အသံကအတော်ကျယ်တယ်။ ရွာထဲကဆို အိမ်တွေပါ တုန်သွားတာ။ ကျွန်တော်တို့ သက်ဆိုင်ရာနဲ့ ပူးပေါင်းရှင်းလင်းတာ၊ ကူညီတာတော့ ယာဥ်မောင်းနဲ့ ယာဥ်ပေါ်ပါသူတွေ အန္တရာယ်ကင်းပါတယ်။ ကားက ဘယ်မောင်းအမျိုးအစားဖြစ်နေတာကြောင့် မိုင်းကွဲတာက ညာဘက်မို့ ယာဥ်မောင်းလည်း ကံကောင်းသွားတယ်”လို့ ဖြစ်စဥ်ကို မျက်မြင်ကူညီပူးပေါင်းဆောင်ရွက်ခဲ့သူတစ်ဦးက MT News ကို ပြောပါတယ်။

မွန်ပြည်နယ်မှာ ဧပြီလနဲ့ မေလအတွင်းက ကျုံအိတ်တံတားနဲ့ မစောတံတား နှစ်စင်း မိုင်းခွဲတိုက်ခံထားရလို့ လမ်းပန်းဆက် သွယ်ရေးခက်ခဲနေပြီး၊ ကုန်စည်နဲ့ ကူးသန်းသွားလာရေး အခက်အခဲတွေ ပြည်သူတွေမှာကြုံတွေ့နေရကာ အခုအခါ ဆွဲမိုင်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်ဘက် ကုန်တင်ယာဥ်တစ်စီးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြန်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *