October 21, 2024

၇.၆.၂၀၂၄
Written By Thandar

ယနေ့ ဇွန်လ ၇ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှာ ရန်ကုန်မြို့ ရန်ကင်းမြိုနယ် ကမ္ဘာအေးဘုရားလမ်းရှိ Yangon Convention Center (YCC)မှာ ကျင်းပနေတဲ့ ၁၁ ကြိမ်မြောက်ကျင်းပမယ့် Miss Universe Myanmar 2024 Grand Final Night ပြိုင်ပွဲကြီးမှာ တိုင်းနဲ့ပြည်နယ် ကိုယ်စားပြုအလှမယ် ၅၂ ဦးဝင်ရောက်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Miss Universe Myanmar 2024 သက်တမ်းတစ် လျှောက်မှာ တိုင်းနဲ့ပြည်နယ်တွေက အများဆုံး ဝင်ရောက် ယှဥ်ပြိုင်နှစ်ဖြစ်တဲ့အတွက် ၁၁ ကြိမ်မြောက် Miss Universe Myanmar Crown ကို နေရာဒေသအသီးသီးက လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေ ကိုယ်စားပြုအနေနဲ့ အရောင်အသွေးစုံလင်လှပစွာပျံဝဲနေကြတဲ့ လိပ်ပြာလေးတွေတင်စားပြီး လိပ်ပြာပျံနေတဲ့ ဒီဇိုင်းတဲ့ ပုံဖော်ထားတယ်လို့ သိရပါတယ်။

Miss Universe Myanmar 2024 Grand Final Night အခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအနေနဲ့ ဆန်းထွဋ် နဲ့ သရုပ်ဆောင် ချာလီ တို့က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး Special Performers တွေအနေနဲ့ VitaShine က ပါဝင်တင်ဆက်ပေး မှာဖြစ်ပါတယ်။

Miss Universe Myanmar ပြိုင်ပွဲကြီးရဲ့ Official Voting Partner အဖြစ်ပါဝင်ထားတဲ့ Bigo Live Myanmar application မှာတော့ မိမိကြိုက်နှစ်သက်တဲ့ အလှမယ်ကို ဝင်ရောက်မဲပေးနိုင်ပြီး Voting စနစ်နဲ့ မဲအများဆုံးရရှိသူ အလှမယ်က Top 6 ဆီ အလိုအလျောက်ဝင်ရောက်သွားမှာဖြစ်ပါတယ်။ “BIGO Live Myanmar” က “Official Voting Partner ” အဖြစ် ပံ့ပိုးပေးထားတာဖြစ်ပြီး ဆုကြေးငွေ (၁၀)သိန်းကျပ်နဲ့အတူ “Miss Popular by BIGO ” Title Award ကိုလည်း ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ယခု ၂၀၂၄ ခုနှစ်အတွက် Crown ကိုတော့ Official Crown Sponsor အနေနဲ့ Sein Nan Taw Diamonds & Fine Jewelry တို့က ပံ့ပိုးကူညီပေးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *