October 21, 2024

၇.၆.၂၀၂၄
Written By Thandar

ပရိသတ်တွေကို အချစ်ရေးနဲ့ အပျိုကြီးဒသနတွေအကြောင်း အများကြီး Motivation ပေးခဲ့တဲ့ အပျိုကြီး Beauty Blogger ဝင်းမင်းသန်းကတော့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အချစ်ဦးလည်းဖြစ်တဲ့ ချစ်သူနဲ့ ရွှေလက်တွဲလိုက်ပြီဖြစ်ပါတယ်။

“အမလေး ပါးစပ်လေးလည်း စိပါဦးလို့၊ ဖိနပ်လေး မိုးရေစိုမှာစိုးလို့ ကိုင်ပေးထားတာပါတဲ့၊ ယူရေ သာယာသေးလား၊ Glownation မမဝင်း၊ Win Min Than ရဲ့အချစ်ဦး Bff ကိုအပြည့်အဝ Support ဖို့ ဒီ postကို Public ဖွင့်လိုက်ပြီနော် ”စတာတွေနဲ့ ပရိသတ်တွေကလည်း မှတ်ချက်ပေးထားကြပါတယ်။

သူမကချစ်သူကို တရားဝင်ချပြလာပြီး အပျိုကြီးဘဝက အစွံထုတ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဝင်းမင်းသန်းရဲ့ ချစ်သူကတော့ ပါးချိုင့်လေးနဲ့ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာ အစားတွေခွံ့ကျွေး၊ ဖိနပ်လေးကိုင်ပေးနဲ့ ပရိသတ်ကို ချပြခဲ့တာလည်းဖြစ်ပါတယ်။

သူမကိုတော့ ပရိသတ်အားလုံးက Glow Nation ဂိုဏ်းချုပ်လို့ ချစ်စနိုး ခေါ်ဝေါ်ကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *