October 21, 2024

၇. ၆. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာက လူမှုကူညီရေးအသင်းဥက္ကဋ္ဌနဲ့ ဇနီးဖြစ်သူကို PDF တွေက ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ PDF တွေ သတ်ဖြတ်လိုက်တဲ့သူတွေက ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာနေ ဦးသိန်းဆွေ(ခ)ဗူးလွယ်၊ အသက် ၅၅ နှစ်၊ ကျေးရွာပရဟိတအသင်း ဥက္ကဋ္ဌနဲ့ ဇနီးဖြစ်သူ ဒေါ်သက်နွယ်၊ အသက် ၅၃ နှစ်တို့ဖြစ်ပြီး သူတို့ဇနီးမောင်နှံက မနေ့က ဇွန်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်မှာ Wave-125 အနက်ရောင်ဆိုင်ကယ်နဲ့ ကျောက်ဆည်မြို့ကနေ ဆေးခန်းပြပြီး သင်ပျိုကျေးရွာပြန်လာချိန်မှာ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာနဲ့ အနောက်ငယ်တိုးကျေးရွာကြားအရောက် နောက်ကလိုက်လာတဲ့ PDF နှစ်ယောက်က ပစ်ခတ်ကာ ဆိုင်ကယ်လုယက်ထွက်ပြေးတာ​ကြောင့် ဦးသိန်းဆွေက ဦးခေါင်းနောက်စေ့ဖောက်ဝင်ကျည်ထိမှန်ဒဏ်ရာအပါအဝင် ကျည် ၆ ချက်ထိမှန်ပြီး နေရာတင်ပွဲချင်းပြီးသေဆုံးသွားတာပါ။ ဇနီးဖြစ်တဲ့ ဒေါ်သက်နွယ်ကလည်း လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာအပါအဝင် ကျည်ထိမှန်ဒဏ်ရာသုံးချက်ရရှိခဲ့တာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို တင်ပို့ခဲ့ပေမဲ့ ရရှိဒဏ်ရာတွေနဲ့သေဆုံးသွားတယ်လို့ သိရပါတယ်။

“ဦးသိန်းဆွေက သင်ပျိုရွာပရဟိအသင်းဥက္ကဋ္ဌဖြစ်ပေမဲ့ သူက ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်နေတယ်။ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်နေတော့ PDF တွေက သူ့ကိုသတ်ဖို့ချောင်းနေတာ။ မနေ့ကတော့ သူတို့လင်မယားကံဆိုးသွားတာ​ပေါ့”လို့ ဒေသတွင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက MT News ကို ပြောပါတယ်။

သတ်ဖြတ်တဲ့ PDF တွေဘက်ကတော့ ကျုးလွန်​ကြောင်းဝန်ခံချက်ထုတ်ပြန်ထားတာမရှိသေးသလို တာဝန်ရှိသူတွေကလည်း လိုအပ်တဲ့စစ်ဆေးဖော်ထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *