October 21, 2024

၇.၆. ၂၀၂၄
Written by Shwe Phyo

ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးကို ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် အာဆီယံအဖွဲ့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်လင့်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Đặng Hoàng Giang က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်းပြောကြား တောင်းဆိုလိုက်သည်။

မြန်မာ့အရေးဖြေရှင်းနိုင်ရန်အတွက် အဓိကဦးစားပေးဆောင်ရွက်ရမည့်ကိစ္စသည် ယုံကြည်မှုတည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့်တွေ့ဆုံဆွေးနွေးမှုတိုးမြှင့်နိုင်ရေး၊ လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးရေးကိစ္စရပ်များဖြစ် ကြောင်း၊ အာဆီယံသဘောတူညီချက်ငါးချက်သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန်အတွက် အဓိကအရေးပါကြောင်း ဗီယက်နမ်သံအမတ်ကြီးကပြောသည်။

ကုလသမဂ္ဂအဖွဲ့အပြင် ဂျူလီဘစ်ရှော့အနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် အာဆီယံအဖွဲ့အပြင် အာဆီယံအထူးကိုယ်စားလှယ်တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သလို မြန်မာပြည်သူများ၏ စိတ်ဆန္ဒအတိုင်း ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုးမဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဗီယက်နမ်သံအမတ်ကြီးက ပြော သည်။

ထို့အပြင် ၎င်းက ကုလသမဂ္ဂနှင့် အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့သည် မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်ရန် ဆောင် ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေး၊ အချုပ်အခြာ၊ နယ်မြေပိုင်ဆိုင်မှုများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း ဗီယက်နမ်သံအမတ်ကြီးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကလည်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်လည်ရရှိစေရန် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာ့အရေးကိုဖြေရှင်းနိုင်ရန် ဦးဆောင်ကြိုးပမ်းနေသည့် အာဆီယံ၏ဦးဆောင်မှုများကို အားပေးထောက်ခံကြောင်း ပြောသည်။

REF vietnamnews

Leave a Reply

Your email address will not be published. Required fields are marked *