October 20, 2024

ပုံစာ။ ဗိုလ်မှူးသန်းနိုင်စိုးကို ဖမ်းဆီးထားသော YGF မှ ဗိုလ်ကျန်ရစ်တို့ကို ယှဥ်တွဲတွေ့ရစဥ်။

၇. ၆. ၂၀၂၄
Written by Nay Moe

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးမှာရှိတဲ့ ရေးမြို့နယ်အခြေစိုက် ခလရ (၁၀၆) က ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုး(ကြည်း- ၄၉၉၁၀) ကို ရေးပြောက်ကျားတပ် (YGF) ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူသန်းနိုင်စိုးကို MA-5 ပစ္စတိုတစ်လက်၊ MA-3 တစ်လက် ကားတစ်စီးနဲ့အတူ ဈေးဝယ်ထွက်လာစဉ် ဖမ်းဆီးရမိတယ်လို့လည်း YGF က ဗိုလ်ကျန်ရစ်က သူသုံးစွဲတဲ့အကောင့်မှာ ဗိုလ်မှူးသန်းနိုင်စိုးကို ဖမ်းမိခဲ့တာကို ပုံနဲ့တကွဖော်ပြထားပါတယ်။

ဗိုလ်မှူးသန်းနိုင်စိုးကို ဇွန်လ ၅ ရက် ညနေ ၆ နာရီလောက်က ဖမ်းမိတယ်လို့လည်းသိရပြီး ခုခံမှုမပြုလို့ ပါသမျှအကုန်သိမ်းဆည်းကာ လူကိုလည်း ဖမ်းထားတယ်လို့လည်း ဗိုလ်ကျန်ရစ်က မီဒီယာတွေကို ပြောဆိုထားပါတယ်။

ရေးပြောက်ကျားတပ်(YGF)ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့က စတင်ထူထောင်ခဲ့ပြီး စတင်ထူထောင်ချိန်က YPDF-South အမည်နဲ့ စတင်ခဲ့ပြီး ရေးမြို့နယ်တဝိုက်မှာ ကျက်စားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *