October 23, 2024

MT News

Written by Min Mahar

အမရပူရမြို့နယ်စုပေါင်းရုံးအတွင်းသို့ လူ ၂ ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၃ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်ရှိ ခရိုင်နှင့်မြို့နယ်စုပေါင်းရုံးဝန်ကြီးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ကင်းစောင့်နေစဉ် စစ်ကိုင်း-မန္တလေးလမ်းအတိုင်း စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော ၁၂၅ ဆိုင်ကယ်အနက်ရောင်မောင်းနှင်လာသူ အမျိုးသား ၂ ဦးအနက် အနောက်မှထိုင်လိုက်လာသူက ရုံးရှေ့ပေါက်သို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ပြီး မန္တလေးဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရုံးဝန်ထမ်းများထံမှ သိရသည်။

“ပေါက်ကွဲတာက ၃ နာရီထိုးခါနီးမှာကွဲတာ။ အုံးဆိုပြီးအသံအကျယ်ကြီးနဲ့အတူ တိုက်ပါလှုပ်သွားတယ်။ စုပေါင်းရုံးတိုက်က ၅ လွှာအထိရှိတော့ အပေါ်ဆုံးထပ်ကဆိုရင် ခါတောင်ခါသွားတယ်လို့ပြောကြတယ်။ အကုန်လန့်ကုန်ကြတာ။ ဘာလဲဆိုပြီးတော့ အသံကြားလို့သာ။စိတ်ကတန်းသိတာ ဗုံးကွဲတာဆိုပြီးတော့။ ရှေ့ရက်တွေကလည်း ငလျင်လှုပ်ထားသေးတော့ ငလျင်များထက်လှုပ်တာလားလို့ ဇဝေဇဝါတောင်ဖြစ်သွားသေးတယ်” ဟု ရုံးဝန်ထမ်းတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲမှု့ကြောင့် ကင်းတာဝန်ထမ်းဆောင်နေသည့် လုံခြံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ယာရင်ဘက်တွင် ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၏ အနက်ရောင်ယာဉ်ရှေ့လေကာမှန်ကွဲအက်‌သွားသည့်အပြင် စုပေါင်းရုံးအပေါ်ထက်ရှိ လေကာမှန် ၅ ချပ်လည်း ကွဲအက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *