October 20, 2024

၇.၆.၂၀၂၄.
Translated by Htwe Ko Tun

စင်ကာပူနိုင်ငံ Bedok North လမ်းပေါ်ရှိ တိုက်ခန်းတွဲတစ်ခုတွင် ဇွန်လ ၆ ရက် ည ၁၀ နာရီ ၁၀ မိနစ်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့ရာ တိုက်ခန်းတွဲနေသူ ၁၀၀ ခန့်ကို ကယ်ဆယ်မှုပြုခဲ့ရကြောင်း သတင်းများအရ သိရသည်။

စင်ကာပူနိုင်ငံ၊ မြို့ပြမီးသတ်တပ်ဖွဲ့(SCDF) က Bedok North လမ်းသွယ် (၃) ပေါ်ရှိ အဆောက်အအုံအမှတ် (၅၄၁) တွင် မီးလောင်နေကြောင်း သတင်းပေးချက်ကို ည ၁၀ နာရီ ၁၀ မိနစ်တွင် လက်ခံရရှိခဲ့သည်ဟု လူမှုကွန်ရက် Facebook တွင် ဖော်ပြခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီးနောက် အဆိုပါတိုက်ခန်းတွဲ၏ မီးလောင်ကျွမ်းနေသော ခုနှစ်လွှာသို့ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့ကြသည်။ မီးက အိပ်ခန်းအတွင်းလောင်ကျွမ်းလျက်ရှိရာ မီးသတ်ဆေးဗူးများကိုအသုံးပြု၍ မီးငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။

မီးစတင်လောင်ကျွမ်းသော အခန်းအတွင်း မည်သူတစ်ဦးတစ်ယောက်မှမရှိ၍ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း SCDF က ပြောခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် အခြားသော ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတစ်စုံတစ်ရာမရှိကြောင်းလည်း SCDF က ဆက်လက်ပြောကြားခဲ့သည်။

သို့ရာတွင် မီးလောင်မှုအတွင်း အဆိုပါအဆောက်အအုံတွင် နေထိုင်ကြသူ ၁၀၀ ခန့်ကိုမူ အရေးပေါ်ကယ်ဆယ်မှု ပြုခဲ့ရကြောင်း သိရသည်။ မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း SCDF က ပြောခဲ့သည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *