October 21, 2024

၇.၆.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖရာနာခွန်ခရိုင်အတွင်း စက်လှေဆိပ်ခံတံတားတစ်ခုအနီး ကျောက်ဖယားမြစ်အတွင်းတွင် ကမ္ဘာလှည့်ခရီးသွားများလိုက်ပါလာသော စက်လှေတစ်စီးက ထိုင်းရေတပ်သင်္ဘောတစ်စီးကို ဇွန်လ ၆ ရက်၊ ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဝင်တိုက်မိခဲ့ရာ တရုတ်ကမ္ဘာလှည့်ခရီးသွားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မဟာရတ်ဂျ်လမ်းဘေးတစ်လျှောက်ရှိ ခရီးအသွားအလာများပြားသော တူးမြောင်းအတွင်းမောင်းနှင်လာသော ကမ္ဘာလှည့်ခရီးသွားများလိုက်ပါလာသည့် စက်လှေ၏ဦးပိုင်းက ရေတပ်‌ကြိုပို့သင်္ဘောကို သာပရာချန်ဆိပ်ခံတံတားအနီး အရှိန်ဖြင့်ဝင်ဆောင့်မိခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်ပါ တရုတ်ကမ္ဘာလှည့်ခရီးသွားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အနီးရှိရေတပ်စခန်းမှ ဝန်ထမ်းများနှင့် အရာရှိများက စက်လှေတိုက်မှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြကာဒဏ်ရာရသူများအား ဆေးရုံသို့ လျင်မြန်စွာပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါဖြစ်ရပ်တွင် ကမ္ဘာလှည့်ခရီးသွားများလိုက်ပါလာသော စက်လှေမှာပျက်စီးနစ်မြုပ်ခဲ့ရပြီး ရေတပ်သင်္ဘောမှာ အနည်း ငယ်သာ ထိခိုက်မှုရှိကြောင်း သိရသည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *