October 20, 2024

၇.၆.၂၀၂၄
Written by TZ

မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ပဒေသာဝင်းအတွင်းရှိ လျှပ်စစ်နှင့်မီးဖိုချောင်သုံးပစ္စည်းရောင်းဝယ်ရေးဆိုင်ဂိုထောင်တွင် ဂတ်စ်အိုးဖြည့်ရင်း မီးလောင်ပေါက်ကွဲမှုဖြစ်စဥ်မှ မီးလောင်မူကြောင့် ပြင်းထန်စွာဒဏ်ရာရရှိပြီး ဆေးရုံ၌ ဆေးကုသမူခံယူနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်ဦးတင့်ခိုင်မှာ ဇွန်လ ၇ ရက် နံနက် ၃ နာရီအချိန်က ထပ်မံသေဆုံးသွားကြောင်း သိရသည်။

ထိုမီးလောင်မူကြောင့် မန္တလေးပြည်သူ့ဆေးရုံ၌ ဆေးကုသနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်ဦးတင့်ခိုင် ရုပ်အလောင်းကိုနေထိုင်ရာ ၈၂ လမ်း၊ ၃၂+၃၃ ရှိနေအိမ်မှတစ်ဆင့် ဇွန်လ ၈ ရက် နံနက် ၁၁ နာရီအချိန်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိဆေးရုံမှာ အမျိုးသမီး ၁ ယောက်ပဲရှိတယ်။ သူလည်း စိုးရိမ်ရတယ်။ စုစုပေါင်း (၇) ယောက်ဆေးရုံတက်ရတာ။ ဆုံးတာ (၆) ယောက်ရှိပါပြီ” ဟု အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုမီးလောင်မှုဖြစ်စဥ်အတွင်း သေဆုံးသွားသူ ၆ ဦးအထိရှိလာပြီဖြစ်ကြောင်း၊ ထို မီးလောင်ဒဏ်ရာများကြောင့် သေဆုံးသွားသူများမှာ အသက် (၅၂) နှစ်အရွယ် ဦးသိန်းစိုး၊ အသက် (၅၉) အရွယ် ဒေါ်မြမြဝင်း၊ အသက် (၃၇) နှစ်အရွယ် ဦးအေးထွန်း၊ အသက် (၇၀) နှစ်အရွယ် ဦးမြအောင်၊ အသက် (၁၉) နှစ်အရွယ် မောင်စစ်ငြိမ်းနိုင်နှင့် အသက် (၄၈) နှစ်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးတင့်ခိုင်တို့ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *