October 20, 2024

၇.၆.၂၀၂၄
Written By Thandar

ရင်မှာအရင်အတိုင်း တေးသီချင်းနဲ့ပတ်သက်ပြီး ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ တေးသံရှင်အစ္စဏီကတော့ “တကယ်တော့ ကိုယ့်တစ်ယောက်ထဲ”သီချင်းသစ်လေးက ကိုယ်ရဲ့ခံစားချက်တွေနဲ့ တိုက်ဆိုင်တဲ့မုဒ်ထည့်ပြီး သီဆိုထားတာပါလို့ ဆိုပါတယ်။

သူဟာတော့ ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းမှာ Issanni Official Acc, Youtube ကနေ ပရိသတ်အတွက်လက်ဆောင်အနေနဲ့တင်ပေးထားတာလည်းဖြစ်ပါတယ်။

“ပထမကတော့ ဒီသီချင်းလေးက ထွက်ဖို့မရှိသေးပါဘူး။ ဒါပေမယ့် လက်ရှိအချိန်ကာလလေးမှာ လိုက်ဖက်တယ်ထင်လို့ ထွက်လိုက်တာပါ။ ဒီနေ့က ကျွန်တော်ရဲ့ “တကယ်တော့ ကိုယ့်တစ်ယောက်ထဲ” သီချင်းလေး ထွက်တာပါ။ လက်ရှိအချိန်မှာလည်း တကယ်လည်းတစ်ယောက်ထဲပါ။ တကယ်တော့ ဒီသီချင်းလေးက ခံစားရပါတယ်။ ခံစားချက်တွေကလည်း Genius လည်းပါတယ်။ တိုက်ဆိုင်တယ်။ ကောင်းလည်း ကောင်းပါတယ်။ ဒီသီချင်းဆိုချိန်မှာ ကိုဇဝါရေးထားတာမို့ တော်တော်လေးလည်း ပညာရပါတယ်။ ပရိသတ်နဲ့ ရင်ဘတ်ချင်းထပ်တူကျဖို့တော့ မျှော်လင့်ပါတယ်”လို့ အဆိုတော် အစ္စဏီကပြောပါတယ်။

အဆိုပါ တေးသီချင်းကိုတော့ တေးရေးဇဝါက ရေးသားပေးပြီး Vocal Guide လုပ်ပေးထားတယ်လို့လည်း သိရပါတယ်။ သူက လက်ရှိမှာတော့ တချို့ဆိုင်တွေမှာ တေးသီချင်းသီဆိုဖျော်ဖြေပေးနေလျှက်ရှိပြီး တစ်ကိုယ်တော် Album သစ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“လတ်တလော လှုပ်ရှားမှာကတော့ သီချင်းအသစ်တွေထွက်ဖို့ ကြိုးစားနေပါတယ်။ သီချင်းအသစ်တွေကို အများကြီး ထွက်ဖို့စီစဥ်နေပါတယ်။ Album တစ်ခုအနေနဲ့ ထွက်ဖို့ရှိတယ်။ တစ်ပုဒ်ချင်းဆီ စိတ်တိုင်းကျမှ ထွက်မှာပါ။ ကိုယ့်ဖန်တီးနေကြအတိုင်းလေးကိုပဲ ခေတ်နဲ့အညီ အပြောင်းအလဲလေးတွေလည်းပါမယ်။ တကယ်လက်စွမ်းထက်တဲ့ ညီတွေရဲ့သီချင်းတွေလည်းဆိုဖို့ရှိပါတယ်”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *