October 23, 2024

MT News

Written By Naddy

“ဆောင်းဝင်တော့မည်” ၊ “ဗာရာဏသီ”တေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် ဝင်းနိုင်စိုးကတော့ တေးသီချင်းဖန်တီးရာမှာ စိတ်နှစ်ပြီးလုပ်ဆောင်လို့ စိတ်သောကရောက်ရသလို စိတ်ရောဂါတောင် ရနိုင်တယ်လို့ ဆိုပါတယ်။

“ဆောင်းဝင်တော့မည်” ၊ “ဗာရာဏသီ”လို့သီချင်း ပရိသတ်က လက်ခံခဲ့ကြတယ်။ ဒီလို သီချင်းပေါက်တာကို ကျော်ဖြတ်ဖို့ဆိုတာ တော်တော်လေးကို ကြိုးစားရမယ်ထင်တယ်။ ကိုယ့်ရဲ့ သီချင်းတိုင်းမှာတော့ ရသတစ်မျိုးစီရှိတယ်။ တချို့ကလည်း သူ့တို့နားထဲ စွဲတဲ့သီချင်းဆိုရင် အားပေးကြတယ်။ ပထမသီချင်းထက် နောက်သီချင်း ပေါက်ဖို့ ပရိသတ်အပေါ်မှာ မူတည်ပါတယ်။ သီချင်းတစ်ပုဒ်က ကိုယ့်စေတနာထားရင် ထားသ လောက် အာရုံထားရင် ထားသလောက် အရမ်းတာဝန်ကြီးပါတယ်။ သီချင်းဖန်တီးရာမှာ စိတ်နှစ်ပြီးလုပ်ရတာမို့ စိတ်သောကရောက်ရသလို စိတ်ရောဂါတောင် ရနိုင်ပါတယ်။ ကိုယ့်သီချင်းက ပရိသတ်က ဘယ်လိုတုံ့ပြန်လာ မလဲ။ ပညာရှင်က ဘယ်လို‌ဝေဖန်လိုက်မလဲ။ ပညာရှင်တွေက လက်ခံမလား။ ဒါမျိုးတွေကို အများကြီးတွေးရလို့ သီချင်းတစ်ပုဒ်လုပ်ရာမှ အများကြီး တာဝန်ကြီးပါတယ်။ ဥပမာ_ တေးရေးရဲ့ စာသား၊ အတီးပိုင်း၊ အဆို ကိုယ့်အသံလိုက်မလိုက်။ ပရိသတ်က ခေတ်စားနေတဲ့ အသံနဲ့ ကိုက်ညီမူရှိမရှိ အများကြီး တွေးရတယ်။ သီချင်းတစ်ပုဒ်က စေတနာထားရင် ထားသလောက် ဂရုစိုက်ရင် စိုက်သလောက်ကို တာဝန်ကြီးပါတယ်” လို့ တေးသံရှင် ဝင်းနိုင်စိုးက ပြောပါတယ်။

လက်ရှိ ဒီဇင်ဘာလဆန်းပိုင်းမှာ “မူတော်မူ” သီချင်း တစ်ပုဒ်ကိုလည်း ထွက်ရှိထားပြီး မကြာခင် ရက်ပိုင်းအတွင်းမှာလည်း တေးသီချင်းသစ် ၂ ပုဒ် ထပ်မံထွက်ရှိမှာဖြစ်ပါတယ်။

တေးသံရှင် ဝင်းနိုင်စိုးဟာ လက်ရှိ အမေရိကန်မှာ နေထိုင်နေပြီး အမေရိကန်မှာ ရန်ပုံငွေဖျော်ဖြေပွဲတွေ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံတွေမှာလည်း တေးသီချင်းတွေ လှည့်လည် ဖျော်ဖြေပေးလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *