October 21, 2024

၆. ၆.၂၀၂၄
Written by Nay Moe

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းကျော်ကို ရွာငံ PDF သုံးဖွဲ့ပေါင်း၍ ယနေ့မနက်ပိုင်းက သတ်ဖြတ်လိုက်ကြသည်။

အဆိုပါကျုးလွန်မှုကို ယနေ့ ဇွန်လ ၆ ရက် နံနက်တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး ဦးမန်းကျော်ကို သတ်ဖြတ်သည့် PDF နှစ်ဖွဲ့မှာ ရွာငံမြို့မှ P3.1003 တပ်ရင်း တပ်ခွဲ(၂) နှင့် ရွာငံမြို့နယ် ပကဖ တပ်ခွ(၁)၊ တပ်ခွဲ (၂)တို့ ပူးပေါင်းကျုးလွန်ခဲ့ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်ချူပ်ရေးမှူး ဦးမန်းကျော်သည် ၂၀၂၁ ခုနှစ်မှစတင်၍ တပ် သတင်းပေးလုပ်ဆောင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ရွာငံမြို့နယ်တွင် PDF စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရ၍ PDF တစ်ဦးသေဆုံးခဲ့ရမှုကိုလည်း ဦးမန်းကျော်က တပ်ထံသို့ သတင်းပေးခဲ့ကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းပေးခဲ့ကြောင်း၊ PDF များက အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ တပ်နှင့်အမြဲအဆက်အသွယ်လုပ်နေ၍ သတ်ဖြတ်ရကြောင်းလည်း ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆင်ခြေပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *