October 21, 2024

၆. ၆. ၂၀၂၄
Written by Nyein Kyaw

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများ ၃ နှစ်ပြည့်ပြီဖြစ်၍ ချေးငွေပြန်ဆပ်ရန်ကျန်ရှိသူများ လာမည့် ဇူလိုင်လ ၁ ရက်မတိုင်မီ အတိုး၊ အရင်းအားလုံး အပြေအကျေပြန်ဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေးကြေညာထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း)ဖြင့် ၂၀၂၀ ပြည်နှစ်၊ ဧပြီလမှစတင်၍ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။ ချေးငွေသက်တမ်း ၁ နှစ်ပြည့်မြောက်ခဲ့ပြီး‌နောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လနှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့သည်။

ယခုအခါတွင် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန် တာဝန်ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ချေး‌ငွေ အတိုး/အရင်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မတိုင်မီ အမြန်ဆုံး အပြေအကျေပြန်လည်ပေးဆပ်ရန် အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *