October 22, 2024

၆.၇.၂၀၂၄
Written bt TZ

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ကန်အောင်ရပ်ကွက်၊ နယ်မြေ (၁၀)၊ နှင်းဆီလမ်း၊ New Light ကိုယ်ပိုင်မူကြိုကျောင်းရှိ မျက်နှာကြက်တွင် တပ်ဆင်ထားသည့် ကြိုးမှာ ဝါယာရှော့ခ်ဖြစ်၍ မီးအနည်းငယ်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက် ည ၇ နာရီ ၂၅ မိနစ် အချိန်တွင် မီးလောင်ကြောင်းသတင်းရရှိသောကြောင့် အဆိုပါဖြစ်စဥ်နေရာသို့ တောင်ကြီးမြို့ရှိ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၇ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“အရှေ့မျက်နှာကြက်ကြိုးက ကြွက်ကိုက်ထားတာ။ အဲ့မှာနည်းနည်းလေး ရှော့ခ်ဖြစ်ပြီး လောင်သွားတာ။ နည်းနည်းလေးပဲလောင်တာ။ မိနစ်ပိုင်းလေးပါပဲ”ဟု တောင်ကြီးမြို့ရှိ မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ထို New Light ကိုယ်ပိုင်မူကြိုကျောင်းအဆောက်အဦမှာ အလျား ၃၅ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေရှိ အပေါ်ဆုံး နေအိမ်မျက်နှာကြက်၅ စာအုပ်စင်နှင့် ဗီရိုမှာအနည်းငယ်မီးလောင်ကျွမ်းကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *