October 22, 2024

၆.၆.၂၀၂၄
Written By Zun

ဒဂုံမြို့သစ်တောင်ပိုင်း လေးထောင့်ကန်အထက်တန်းကျောင်းတွင် Grade 6 ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ကြရာမှ ခဲတံချွန်သည့်ဓားဖြင့်ထိုးခဲ့၍ တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူက MT News ကို ပြောသည့် ကနဦးသတင်းအရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဇွန်လ ၆ ရက် နံနက် ၆ နာရီခွဲခန့်အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန်အထက်တန်းကျောင်းတွင် ကျောင်းသား မောင်ကောင်းစည်သူ (၁၃ နှစ် ၃ လ) Grade 6 နှင့် မောင်ဇင်မင်းခန့်( ၁၃ နှစ်) Grade 6 တို့သည် ကျောင်းတက်ရန်လာရောက်စဉ် ကျောင်းမုန့်ဈေးတန်းတွင် စကားများရန်ဖြစ်ကြရာမှ မောင်ကောင်းစည်သူ (၁၃ နှစ် ၃ လ) က မောင်ဇင်မင်းခန့်(၁၃ နှစ်) အား ခဲတံချွန်သည့်ဓားဖြင့် ထိုးခဲ့သောကြောင့် မောင်ဇင်မင်းခန့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက မောင်ကောင်းစည်သူအား (ပ)၅၈၇/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူက MT News ကို အတည်ပြုပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *