October 22, 2024

◾ ချင်းပြည်သူများအပေါ် စစ်ရာဇဝတ်မှုကျုးလွန်နေသော AA ကို ကမ္ဘာက အရေးယူပေးရန်ပါ တောင်းဆိုထား

၆. ၆. ၂၀၂၄
Written by Nay Moe

AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ရခိုင် AA တပ်ဖွဲ့ဝင်တွေဟာ ချင်းဒေသမှာ အလယ်တန်းကျောင်းသူပါမချန် သက်ငယ်မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရမှပြန်လွှတ်ပေးနေတယ်လို့ Global Khumi Organization(GKO) က ထုတ်ပြန်ထားပြီး ဒီလိုမျိုး AA တပ်ဖွဲ့ဝင်တွေရဲ့ သက်ငယ်မုဒိမ်းကျင့်မှုလုပ်ရပ်ကို ရှုတ်ချကြောင်း GKO ရဲ့ ထုတ်ပြန်ချက်ကို ချင်းမီဒီယာတွေ၊ ချင်းအဖွဲ့အစည်းတွေ၊ ချင်းတိုင်းရင်းသားတွေက ထုတ်ပြန်ချက်မှန်ကန်ကြောင်း ပြန်လည်မျှဝေထောက်ခံနေကြပါတယ်။

ထွန်းမြတ်နိုင်ဦးဆောင်တဲ့ AA အဖွဲ့ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ၂၀၂၄ ဇန်နဝါရီလမှာ အပြီးသတ်သိမ်းပြီး ရက္ခိတလမ်းစဉ်အတိုင်း အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်ရာမှာ ဒေသခံချင်းလူမျိုးတွေအပေါ် အကြမ်းဖက်မှုပေါင်းစုံ၊ လူအခွင့်အရေးချိုးဖောက်မှုမျိုးစုံနဲ့ ဒေသတွင်းတရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းတို့ ကျယ်ပြန့်စွာလုပ်လာတာကြောင့် AA ရဲ့ ဒေသခံချင်းလူမျိုးတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက တပ်မတော်ထက်ကိုဆိုးတယ်လို့ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်းက ပြောပါတယ်။

AA ဟာ ချင်းပြည်နယ်မှာ ၂၀၁၅ ကစ မူးယစ်ဆေးဖြန့်ဖြူးနေသလို အဓမ္မစစ်မှုထမ်းမှုလည်း လုပ်ဆောင်နေလို့ ချင်းလူငယ်တွေ ထွက်ပြေးနေရသလို AAတပ်ဖွဲ့ဝင်တွေက အမျိုးသမီးများစွာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာလူကြီးများစွာ၊ လူငယ်ခေါင်းဆောင်များစွာကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်လို့ တချို့က ကိုယ်အင်္ဂါပျက်စီးသွားရုံမက သေဆုံးသူများစွာလည်းရှိနေတဲ့အပြင် AA တပ်ဖွဲ့ဝင်တွေကပဲ ဒေသခံချင်းအမျိုးသမီးများစွာကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် မုဒိမ်းကျင့်ပြီး (၆)လကြာမှ ကိုယ်ဝန်နှင့်ပြန်လွှတ်တာ၊ အသက်မပြည့်သေးတဲ့ အလယ်တန်းကျောင်းသူပါမကျန် ထပ်ခါတလဲလဲမုဒိမ်းကျင့်စော်ကားတဲ့ အလွန်စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုတွေကိုကျူးလွန်နေတယ်လို့လည်း GKO က ပြောပါတယ်။

ဒါကြောင့်မို့ AA အနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက ဒေသခံချင်းလူမျိုးတွေကို မတရားဖမ်းဆီးထိန်းသိမ်းတာ၊ ဖမ်းဆီးခံရသူများအား လူမဆန်စွာရိုက်နှက်ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ သက်ငယ်မုဒိမ်းကျူးလွန်တဲ့အပြင် နိုင်ငံတကာက တားမြစ်ထားတဲ့မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးတာ စတဲ့ ရက်စက်ကြမ်းကြုတ်စွာ စစ်ရာဇဝတ်မှုပေါင်းစုံကျူးလွန်နေတာ ချက်ခြင်းရပ်တန့်ဖို့နဲ့ UNO အပါအဝင်နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေကလည်း AA ကို စစ်ဆေးအရေးယူဖို့နဲ့ AA ရဲ့ ကျုးလွန်ခံချင်းတိုင်းရင်းသားတွေကို ကူညီကယ်တင်ဖို့လည်း GKO က တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *