October 22, 2024

၆.၆.၂၀၂၄
Written By Thandar

အရပ်အမောင်းကောင်းကောင်းကြောင့် ပရိသတ်ချစ်ခင်မှု ပိုမိုရရှိလာတဲ့ သရုပ်ဆောင် လီလီကျော်ခိုင်ကတော့ “သရဲကား” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ယုံကြည်စွာပါဝင်ဖို့ ကမ်းလှမ်းပေးလို့လည်း အရမ်းကိုဝမ်းသာပီတိဖြစ်ရပါတယ်လို့ ဆိုပါတယ်။

“လီလီ့ရဲ့ ဒီဇာတ်ကားမှာ နောက်ထပ်ကာရိုက်တာအသစ် တစ်ခုအနေနဲ့ မြင်တွေ့ရမှာပါ။ လီလီ့ကို ကြည်နူးစေထုတ်လုပ်ရေးက မေမီကို ကာရိုက်တာနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ယုံကြည်စွာပါဝင်ဖို့ ကမ်းလှမ်းပေးလို့လည်း အရမ်းကိုဝမ်းသာ ပီတိဖြစ်ရပါတယ်။ ဒီကားက ကြောက်စရာကောင်းသလို ဟာသပုံစံလည်း ပါတယ်။ ညပိုင်းတွေရိုက်ရမှာ များတယ်လေ။ ခပ်ကြမ်းကြမ်းလေးတွေ အသားစားတဲ့အပိုင်းတွေ စိတ်လှုပ်ရှားလာပါတယ်” လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။

ကြည်နူးစေ ရုပ်ရှင်ထုတ်လုပ်ရေးက ဒီဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဒီဒီထက်အောင်က ရေးသားပြီးတော့ ဒါရိုက်တာ ကိုခင်လှိုင် (ဉာဏ်ကြီးရှင်) က သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မိုးမိုး၊ ခင်လှိုင်၊ လီလီကျော်ခိုင်၊ ဝေလာရီ၊ မိုးပွင့်ဖြူ၊ ခြူးစစ်ဟန်၊ ကေညီ၊ စိစိ၊ ရန်ပြေ၊ ယရန်ဒိုလီ၊ ကလေးသရုပ်ဆောင် ငြိမ်းစုဝေ စတဲ့သူတွေနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

“လီလီ ကိုယ်တိုင် လေးစားအားကျရတဲ့ ဝါရင့်သရုပ်ဆောင်အကိုတွေ အများကြီးနဲ့တွဲပြီး အတူသရုပ်ဆောင်ရမှာမို့ အရမ်းကို ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။ အရင်ကတော့ မော်ဒယ်လ်လောက တစ်ဆင့်ဆိုတော့ ဇာတ်လမ်းတွဲတွေ ၅ ခု ကျော်လောက် ရိုက်လာရမှ ခုလို့ ဇာတ်ကားတွေအများကြီး ရိုက်ကူးခွင့်ရလာတာပါ။ ရုပ်ရှင်ကားကြီးတစ်ကားဆိုရင် သိန်းထောင်နဲ့ချီကုန်ကျခံပြီး ရိုက်ကူးရတာလည်းဖြစ်တော့ ကိုယ့်အနေနဲ့ နေရာတစ်ခုရဖို့လည်း မလွယ်ခဲ့ဘူး။ တကယ်တော့ သရုပ် ဆောင်အနေနဲ့ နေရာတစ်ခုကို လွယ်လွယ်နဲ့ ရောက်လာတာမဟုတ်ပါဘူး။ လီလီ့ရဲ့အနုပညာနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်နီးပါးဖြတ်သန်းလာပြီးမှ ဒီလို နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးခွင့်ရတဲ့ကားလည်း ပြောလို့ရပါတယ်” လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *