October 22, 2024

MT News
၆.၆. ၂၀၂၄

အာရှချန်ပီယံဆုနှင့် အရှေ့တောင်အာရှ ချန်ပီယံဆုတံဆိပ်များကို ရယူပေးနိုင်ခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်လက် ရွေးစင် ကစားသမားကြီးများအတွက် လစဉ်ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၅ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရွှေခေတ်လက်ရွေးစင် ကစားသမားကြီးများ၊ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုထောက်ပံ့ငွေအနေဖြင့် အာရှချန်ပီယံ ဖြစ်ခဲ့ဖူးသူ (၁၁)ဦးအား တစ်ဦးလျှင် လစဉ် (၃)သိန်းကျပ်နှုန်း၊ အရှေ့တောင်အာရှချန်ပီယံ ဖြစ်ခဲ့ဖူးသူ (၁၂)ဦးအား တစ်ဦးလျှင် လစဉ်(၁)သိန်းကျပ်နှုန်းဖြင့် ဧရာဝတီဖောင်ဒေးရှင်းက ရာသက်ပန် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အခမ်းအနားတွင် ရွှေခေတ်ကစားသမားကြီး တစ်ဦးဖြစ်သူ ဦးစိုးမြင့်မှ အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် ရွှေခေတ် ကစားသမားကြီးများကို ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက်တွင် ရွှေခေတ်ကစားသမားကြီးတစ်ဦးဖြစ်သော ဦးတင်အောင်(ဂိုး)မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး အမှတ် တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *