October 22, 2024

Photo - Kyaw Thu Ya

၆.၆.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ (၂) ရပ်ကွက်၊ တေဇာခင်ဦး (၁) လမ်းရှိ မုန့်ဂိုဒေါင်မှ ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ရာ နေအိမ် ( ၂) လုံး ဆုံးရှုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၅ ရက် ည ၁၁ နာရီခွဲ အချိန်တွင် မီးလောင်ကြောင်း သတင်းရရှိသောကြောင့် တောင်ငူခရိုင်မီးသတ်၊ S. T. T Rescue တောင်ငူနှင့် ဒေသခံပရဟိတအဖွဲ့များမှ မီးငြှိမ်းသတ်ရာ ဇွန်လ ၆ ရက် နံနက် ၃ နာရီတွင် မီးငြိမ်းသွားကြောင်း သိရသည်။

“မုန့်တွေထည့်ထားတဲ့ ဂိုဒေါင်ကနေ ဝါယာရှော့ခ်ဖြစ်ပြီးလောင်တာ။ အိမ်နှစ်လုံးဆုံးရှုံးသွားတယ်။ လူတွေတော့ ဘာမှမဖြစ်ဘူး” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့​ ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ဆုံးရှုံးမူတန်ဖိုးကိုမူ သိရှိရခြင်းမရှိသေးကြောင်းလည်း သိရသည်။

Photo – Kyaw Thu Ya

Leave a Reply

Your email address will not be published. Required fields are marked *