October 23, 2024

၅.၆.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့၊ ဂျပန်တံတားအဆင်းတွင် Smile Tissue လိုက်ထရပ်ယာဥ်နှင့် ကျောင်းပို့သည့်ယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာက ကျောင်းသူကျောင်းသား ၈ ဦး မစိုးရိမ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၅ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ယာဥ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိသောကြောင့် အဆိုပါဖြစ်စဥ်နေရာသို့ YRO ဒေါပုံမြို့နယ် ပရဟိတအသင်းများနှင့်အတူ ရှင်သန်ရေးကူညီမှုအသင်းတို့ သွားရောက်ကူညီကြကာ ဒဏ်ရာအနည်းငယ်ရရှိသည့် ကျောင်းသူကျောင်းသား ကလေးငယ်များကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“စိုးရိမ်ရတဲ့ကလေးတွေတော့မရှိဘူး။ ဆိုဖာနဲ့ထိမိလို့ ဒဏ်ရာအနည်းငယ်ရတဲ့ကလေးနဲ့ တစ်ယောက်ခေါင်းနဲ့တစ်ယောက်ထိမိလို့ ဒဏ်ရာရတဲ့ကလေးနဲ့ သွားနဲ့နှုတ်ခမ်းထိလို့ ဒဏ်ရာအနည်းငယ်ရကြတာ။ ကလေးတွေဆိုတော့ ကြောက်ပြီးငိုကြတာ။ ကားတွေကလည်း ကြပ်တော့ ဖြေးဖြေးချင်းမောင်းနေတာ။ အဲ့ဒီမှာ ကျောင်းကားက မှားတာလို့ထင်တယ်”ဟု ရှင်သန်ရေးကူညီမူအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ဓာတ်ပုံ -ရှင်သန်ရေးကူညီမှုအသင်း

Leave a Reply

Your email address will not be published. Required fields are marked *