October 23, 2024

၅.၆.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှန်ခိုက်ကျေးရွာအုပ်စု၊ ရှန်ခိုက်ရွာအနောက်ရှိ ရှန်ခိုက်ရေချောင်းထဲတွင် ဇွန်လ ၄ ရက် နံနက် ၁၁ နာရီခန့်က ပုပ်ပွသေဆုံးနေသော ဘုန်းကြီးတစ်ပါး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့​ကြောင်း ဆယ်ယူပေးခဲ့သူများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၅၀ အရွယ်ခန့်ရှိပြီး ရပ်ကွက်(၄)တွင် သီတင်းသုံးနေထိုင်သူဖြစ်ကာ ဘုန်းကြီးဝတ်သည်မှာ တစ်လကျော်ရှိပြီဖြစ်ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

“အလောင်းက လေးငါးရက်လောက်ရှိပြီ။ အလောင်းပေါ်လို့ သွားကူပေးရင်းနဲ့ အလောင်းတွေ့မှ ဘုန်းဘုန်းလို့ သိရတာပါ။အတော်နံ​ပြီး ပုပ်ပွနေပြီ။ သေတာက လေးငါးရက်လောက်ရှိပြီ”ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရေချောင်းအတွင်း ပုပ်ပွသေဆုံးနေသည့်ရုပ်အလောင်းကို အဖွဲ့ဝင် ၅ ဦးဖြင့် သွားရောက်ဆယ်ယူ​ပေးခဲ့​ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့အပ်ကာ PR-009 ဖြင့် လက်ခံထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *