October 23, 2024

၅.၆.၂၀၂၄
Photo Hey Mar

အသက် ၉၈ နှစ်အရွယ် ဇွန်လ ၁ ရက် မနက် ၈ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ၊ NLD ပါတီနာယက သူရဦးတင်ဦးရဲ့စျာပနကို ရေဝေးသုဿာန် ခန်းမဆောင် (၁) မှာ နာရေးပြင်ဆင် ဂါရဝပြုနေပြီဖြစ်ပါတယ်။

ညနေ ၄ နာရီမှာတော့ ဂူသွင်းသင်္ဂြိုဟ်မှာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နဲ့ တပ်မတော်တာဝန်ရှိသူတွေ၊ ဒေါက်တာမျိုးညွန့်၊ ဒေါ်စန္ဒာမင်း စတဲ့သူတွေ လာရောက်ဂါရဝပြုကြတာတွေ့ရပေမဲ့ သးရဦးတင်ဦးရဲ့ နောက်ဆုံးခရီးကို ပျက်ပြယ်သွားတဲ့ NLD ပါတီတွေအများစု မလာရောက်ကြလို့ လိုက်ပါပို့ဆောင်သူနည်းပါးတာလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *