October 23, 2024

၅.၆.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဘီဂျေပီပါတီက အနိုင်ရရှိခဲ့တယ်ဆိုတာ ဇွန်လ ၄ ရက်မှာ ထုတ်ဖော်ကြေညာခဲ့ပါပြီ။

မိုဒီအနေနဲ့ ဝန်ကြီးချုပ်အဖြစ် တတိယမြောက်သက်တမ်းတာဝန်ကို နောက်ထပ်ငါးနှစ် ဆက်လက်တာဝန်ယူဖို့ သေချာသွားပြီဖြစ်ပေမယ့် သူ့ရဲ့ ဘီဂျေပီပါတီ ခေါ်တဲ့ ဟိန္ဒူအမျိုးသားပါတီအနေနဲ့ ပါလီမန်မှာ မဲအများစု ရရှိထားခြင်းကိုတော့ လက်လွှတ်ဆုံးရှုံးရမယ့်အခြေအနေဖြစ်ခဲ့တယ်လို့ မဲရေတွက်မှုတွေအရ သိရပါတယ်။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ မိုဒီက အိန္ဒိယပြည်သူတွေဟာ သူ့ရဲ့ညွန့်ပေါင်းအစိုးရကို တတိယမြောက်သက်တမ်းအတွက်ဆက်လက်တာဝန်ယူဖို့ ယုံကြည်အားထားကြတာကို ပြသလိုက်ပြီလို့ လူမှုကွန်ရက် X မှာ ဇွန်လ ၄ ရက် ညနေကရေးသားခဲ့ပါတယ်။

ဘီဂျေပီပါတီအနေနဲ့ အခုရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ရန် အောက်လွှတ်တော်မှာ အနည်းဆုံးရရှိဖိုလိုအပ်တဲ့ အမတ်နေရာ ဖြစ်တဲ့ ၂၇၂ နေရာကို ကျော်လွန်ပြီး ၂၉၃ နေရာကိုရရှိခဲ့တာပါ။ ဒါပေမယ် ၂၀၁၉ ခုနှစ်က ပါလီမန်မှာ ရရှိခဲ့တဲ့အမတ်နေရာ ၃၆၀ နေရာထက် များစွာလျော့ကျခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် မိုဒီရဲ့ခန့်မှန်းချက်ဖြစ်တဲ့ ဘီဂျေပီပါတီအနေနဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၄၀၀ ခန့်အ ထိအနိုင်ရရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ထက်တော့ များစွာလျော့ကျခဲ့ရတာပါ။ အစုရှယ်ယာဈေးကွက် ပြဿနာတွေကြောင့်လည်း ဘီဂျေပီပါတီအဖို့ ခုလိုထောက်ခံမဲ ဆုံးရှုံးမှုတွေဖြစ်ရတာလို့ ခန့်မှန်းကြပါတယ်။

အဓိကအတိုက်အခံပါတီများစုပေါင်းထားတဲ့ The India ညွန့်ပေါင်းအုပ်စုကတော့ ၂၀၁၉ ခုနှစ်က ပါလီမန်မှာ အမတ်နေရာ ၁၁၉ နေရာသာရှိခဲ့ပေမယ့် အခုရွေးကောက်ပွဲမှာတော့ ၂၃၄ နေရာအထိ မြင့်တက်လာခဲ့တာကို တွေ့နေရပါတယ်။ ဒါကြောင့်လည်း ဘီဂျေပီအနေနဲ့ အစိုးရအဖွဲ့သစ်ဖွဲ့စည်းနိုင်ဖို့အ တွက် သူ့ရဲ့ ညွန့်ပေါင်းအုပ်စု မဟာမိတ်နှစ်ပါတီအပေါ်  မှီခိုအားထားဖို့လိုလိမ့်မယ်လို့ တွက်ဆကြပါတယ်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိုဒီအနေနဲ့ အိန္ဒိယနိုင်ငံ နေရူးသမိုင်းမှာ ဂျဝါဟာလာ နေရူးပြီးရင် ဝန်ကြီးချုပ်သက်တမ်းသုံးခုဆက်တိုက်တာဝန်ယူရတဲ့ ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာပါပြီ။

အိန္ဒိယနိုင်ငံအနေနဲ့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးဖြစ်တာနဲ့အညီ အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၅၄၃ နေရာအတွက် ရွေးကောက်ပွဲကို ဧပြီလလယ်ကစလို့ ရက်သတ္တပတ် ခုနှစ်ပတ်ကြာ အဆင့်ဆင့် ဆောင်ရွက်ခဲ့ရတာလို့ သိရပါတယ်။

Ref-Yahoo News

Leave a Reply

Your email address will not be published. Required fields are marked *