October 23, 2024

၅.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၃+၅၃ လမ်းထောင့်ရှိ “မြင့်ကျော်သူ”လက်ဖက်ရည်ဆိုင်၌ ယနေ့မနက်ပိုင်းက လက်ဖက်ရည်သောက်နေသည့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် နောက်မှပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ထိုအုပ်ချုပ်ရေးမှူးနှင့်အတူ အမျိုးသား ၃ ဦးတို့ ယနေ့ ဇွန်လ ၅ ရက် နံနက် ၈ နာရီဝန်းကျင်တွင် “မြင့်ကျော်သူ” လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေစဥ်အတွင်း မော်တော်ဆိုင်ကယ် (၁) စီးဖြင့် PDF အမျိုးသား( ၂) ဦး ရောက်ရှိလာပြီး ထိုအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးမောင်းနှင်သွားကြောင်း သိရသည်။

“ပစ်ခံရတာတော့ သိရတယ်။ ဘယ်အသင်းက သွားသယ်လည်းတော့မသိဘူး”ဟု ဒေသခံလူမှုကူညီးရေးအသင်းမှ MT New သို့ ဖြေကြားသည်။

ထို PDF များ၏ပစ်ခတ်မူကြောင့် အခင်းနေရာ၌ သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးသည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက် ၁၃၃ လမ်း ၊ ၅၂(ဘီ)လမ်းထောင့်တွင် နေထိုင်သည့် အသက် (၅၇) နှစ်အရွယ် (ဇ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလွင် (ခ) ဦးပြည့်မိုးဟန်ဖြစ်ကြောင်း သိရသည်။

PDF များ၏ ပစ်ခတ်မူကြောင့် ဦးရဲမြင့်၏ ဦးခေါင်းနောက် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိ၍ အခင်းနေရာ၌ သေဆုံးသွားကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *