October 23, 2024

၅.၆.၂၀၂၄
Written By Thandar

ဆေးကျောင်းသားတေးသီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားကြတဲ့ Blueberry အဖွဲ့က သူငယ်ချင်းသုံးယောက်ပေါင်းပြီး “ဆေးကျောင်းသား” သီချင်းကို Remix ပြန်လည်သီဆိုဖို့ ပြင်ဆင်နေတယ်လို့ တေးသံရှင် အားပန်@Pansweet (Blueberry)က ပြောပါတယ်။

“တကယ်တော့ အမတို့ ဆယ်ကျော်သက် အသက် ၁၈ နှစ် ၁၉ နှစ်လောက်က သွင်းပြီးဆိုခဲ့ကြတဲ့ သီချင်းပါ။ ကိုယ်တွေလည်း ငယ်သေးတော့ အသံပိုင်းမှာလည်း အရမ်းကို ဆိုနိုင်ကြတယ်။ အရမ်းလည်း အမြန်ဆိုနိုင်သလို့ အရမ်းလည်း အော်နိုင်ခဲ့ကြတယ်။ ခုနောက်ပိုင်း ဆေးကျောင်းသားသီချင်းကို ပြန်ဆိုဖို့ဆိုရင် ပြန်လေ့ကျင့်ရမှာတွေရှိတယ်။ ပရိသတ်တွေ တော်တော်များများက အမတို့သူငယ်ချင်းသုံးယောက်နဲ့ပဲ တွဲသိခဲ့ကြတာလေ။ ပြန်ဆိုပေးဖို့ တောင်းဆိုနေကြတာလည်း ရှိကြတယ်။ Remix အနေနဲ့ ပြန်ဆိုဖို့ရှိပါတယ်။ သူတို့ကလည်း မလာနိုင်သေးဘူးဆိုတော့လေ။ ကိုယ့်အဖွဲ့ဝင်တစ်ယောက်ကတော့ အိမ်ထောင်ကျသွားပြီလေ။ ပန်ရဲ့အမ အားပူနဲ့ သီချင်းတွေထွက်လာနိုင်ချေရှိသေးတယ်။ သီချင်းတွေကိုတော့ မျှပြီးတော့ လုပ်နေပါတယ်” လို့ အဆိုတော် ပန်ဆွိက ပြောပါတယ်။

သူမကတော့ ကိုယ်တိုင်က တေးသီချင်းအမြူးတွေနဲ့ ပိုပြီးလိုက်ဖက်မှုရှိသလို အဆွေးသီချင်းဖန်တီးရတာ လိုက်ဖက်မှုသိပ်မရှိဘူးလို့ ထင်မိတယ်လို့ဆိုပါတယ်။ ပန်ဆွိကတော့ မကြာခင်ရက်ပိုင်းက “မျှော်လင့်သူ” တေးသီချင်းသစ်ကိုလည်း ဘန်ကောက်မှာ ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

လာမယ့် ဩဂုတ်ပိုင်းမှာ မွေးနေ့အမှတ်တရအနေနဲ့ သီချင်းသစ်ထွက်ဖို့ စီစဥ်ထားတယ်လို့ဆိုပါတယ်။ ပန်ဆွိကတော့ ဆေးကျောင်းသားသီချင်းနဲ့ ချောချောလေးမို့ချစ်တာ သီချင်းဟောင်းလေးလည်း ထွက်ဖို့ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *