October 23, 2024

၅.၆.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၅/၇ ရပ်ကွက်၊ ကျောက်စိမ်းလမ်းတွင် နေအိမ်တိုက်ခန်းရှိ ရေချိုးခန်းထဲ၌ အမျိုးသမီးတစ်ဦး မိမိကိုယ်ကိုယ်ကြိုးဆွဲချ၍ အဆုံးစီရင်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဇွန်လ ၄ ရက် နေ့လယ် ၂ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆွဲကြိုးချပြီးသေဆုံးသည့် အမျိုးသမီးရုပ်အလောင်းကို ရွှေမေတ္တာလူမှုကယ်ဆယ်ရေးအသင်းမှ သယ်ဆောင်ပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“မိသားစုတွေရှိတယ်။ သူက ရေချိုးခန်းထဲမှာ ကြိုးဆွဲချပြီး သေဆုံးနေတာ” ဟု ရုပ်အလောင်းအား သွားရောက်သယ်ဆောင်ပေးသည့် ရွှေမေတ္တာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုကြိုးဆွဲချပြီးသေဆုံးသည့် အမျိုးသမီးမှာ အသက် (၃၆) နှစ်ရှိပြီး ၎င်းမှာမည်သည့်အတွက်ကြောင့် ကြိုးဆွဲချသေဆုံးသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

Photo – Leo Leo

Leave a Reply

Your email address will not be published. Required fields are marked *