October 31, 2024

ဗုံးပစ်ခံရသော ရဲစခန်းလိုင်းခန်းမြင်ကွင်း

၂၁. ၁၂. ၂၀၂၂

Written by Min Mahar

ယနေ့နေ့လည်ပိုင်းက မန္တလေးမြို့ရှိ အမှတ်(၁၀) မြို့မရဲစခန်း၏ နေအိမ်လိုင်းခန်းအနောက်ဘက်တွင် လက်ပစ်ဗုံးတစ်လုံးပစ်ခံရကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက် နေ့လည် ၁၂ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ အမှတ်(၁၀) မြို့မရဲစခန်း၏ နေအိမ်လိုင်းခန်းအနောက်ဘက်ရှိ ဝန်းအတွင်းသို့ ခြံစည်းရိုးအထက် သံဇကာကိုကျော်၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ပေါက်ကွဲသံကို အကျယ်ကြီးပဲ။ ခြံစည်းရိုးအပေါ် သံဇကာထပ်ကာထားတာတောင် အဲ့ဒါကို ကျော်အောင်ပစ်ခဲ့သေးတယ်။ ဘယ်သူပစ်လိုက်တာလဲဆိုတာတော့ တိတိကျကျမသိလိုက်ဘူး။ ပေါက်ကွဲပြီးပြီးချင်းပဲ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက်က အရှေ့ကနေ အနောက်ကို မောင်းပြေးသွားတယ်လို့တော့ မြင်တဲ့သူတွေကပြောနေကြတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူနှင့်အဆောက်အဦ အထိအခိုက်တစ်စုံတစ်ရာမရှိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းများထံမှ သိရပြီး သကိဆိုင်ရာမှလည်း ပစ်ခတ်သူအားဖမ်းဆီးရမိနိုင် ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *