October 23, 2024

၅.၆.၂၀၂၄
Written By Thandar
 
ပရလောကဝိဉာဉ်ပိုင်းနဲ့အချစ်ဇာတ်လမ်းပုံစံ “လာခေါ်သူ” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ပွဲကို ဇွန်လ ၄ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ရှိ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
 
“ဒီကားကရှေ့မှာ ကျွန်တော်မရိုက်ဖူးသေးတဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုပုံစံမျိုးဆိုတော့ ပရိသတ်တွေအတွက် အသစ်အဆန်းဖြစ်မယ်လို့ယူဆပြီး လက်ခံရိုက်ကူးဖြစ်တာပါ၊ ရုပ်ရှင်လောကထဲမှာ နှစ်(၂၀)ကျော်ဖြတ်သန်းပြီးတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒီလိုဇာတ်ကားတစ်ကားလောက်တော့ ပရိသတ်အတွက်ကြိုးစားရိုက်ကူးပေးသင့်တယ်ထင်လို့ ပါဝင်ဖန်တီးထားတာပါ” လို့ အကယ်ဒမီနေတိုးက ပြောပါတယ်။
 
ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း မြူခိုးအလင်္ကာ၊ ဇာတ်ညွှန်းမိုးနီလွင်က ရေးသားပြီးတော့ ဒါရိုက်တာ အကယ်ဒမီ ဩရသက သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ ရဲရင့်အောင်၊ သံသာမိုးသိမ့်၊ အမ်မလီဘို၊ ဩဂက်စ်မိုး၊ ဇော်ဦး၊ ထူးသာ၊ ညီဂျော်၊ မင်းသူ၊ နန္ဒကျော်စွာ၊ ဒေါင်းဝေ၊ သန်းသန်းစိုး၊ မိုးခမ်း၊ ယွန်းသဒ္ဒါအောင်၊ အိမ့်ခြူးပွင့်၊ သူဇာပွင့်၊ မသိင်္ဂီ၊ တင်နီလာ၊ သိမ့်သိမ့်သူ စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားက စာရေးဆရာ မြူခိုးအင်္လကာရေးထားတဲ့  ဘဝခြားမှလာခေါ်သည် အွန်လိုင်းဝတ္ထုတိုလေးကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ ဇာတ်ဝင်ခန်းဇာတ်အိမ်တွေ ခိုင်မာအောင် ဇာတ်ကိုအကောင်းဆုံး ထပ်ဖြည့်လိုက်တာပါ။ နဂိုမူရင်းဝတ္ထုက ဒီအတိုင်းလေးပါပဲ။ ကျွန်တော်ရေးနေကြ ဇာတ်ညွှန်းကားပေါင်း ၃၀ ကျော်မှာ ပထမဦးဆုံးကျွန်တော့်ဆီ  ပထမဦးဆုံးလာတဲ့ဇာတ်ပါ။ ကျွန်တော်ရေးကြမဟုတ်တဲ့ ဇာတ်လည်းဖြစ်တယ်။ သရဲတစ္ဆေခြောက်လန့်တာမျိုး မဟုတ်ဘဲနဲ့သာယာကြည့်နူးစရာ အချစ်ဇာတ်လမ်းလေးကိုလည်း ကြည့်ရမှာပါ။ မြန်မာသရဲကား ပယောဂဆရာတွေလို မဟုတ်ဘဲ နိုင်ငံခြား ဆန်ဆန်ဇာတ်လမ်းလေးနဲ့ နည်းနည်းဆင်သွားတယ်လို့ ပြောလို့ရပါတယ်”လို့ ဇာတ်ညွှန်းမိုးနီလွင်က ပြောပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းကိုတော့ အောင်မြင့်မြတ် ထိတ်လန့်ခြောက်ခြားစရာ အမှန်နဲ့အမှား ဇာတ်ဝင်တေးကို သီဆိုပေးထားတာလည်း ဖြစ်ပါတယ်။

“လာခေါ်သူ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမဲ့ ဇွန်လ ၇ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *