October 23, 2024

၄.၆.၂၀၂၄
Written by TZ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ အိမ်ရှေ့ပြင်ရပ် (အ-မ-က) စာသင်ကျောင်းအတွင်း၌ ဗုံး ပေါက်ကွဲမူဖြစ်ပွားရာ ကျောင်းသားငယ် ၁ ဦးသေဆုံးပြီး ကျောင်းသူကျောင်းသား ကလေးငယ်၂၅ ဦး ဒဏ်ရာရခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ယင်းဖြစ်စဥ်မှာ ဇွန်လ ၄ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် ကျောင်းသူ/သားများ ထမင်းစားချိန်၌ ထိုကျောင်းဝန်းအတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဟု ကနဦးသိရသည်။

“ဟုတ်တယ်။ ဒီနေ့ပေါက်ကွဲသွားတာ။ အိမ်ရှေ့ပြင်ရပ် အ-မ-က စာသင်ကျောင်းမှာ ပေါက်ကွဲသွားတာ။ ၂၆ ယောက်။ ၁ ယောက်သေတယ်”ဟု ထားဝယ်မြို့တွင် နေထိုင်သူတစ်ဦးက MT News သို့ပြောသည်။

ထိုဗုံးပေါက်ကွဲမူကြောင့် ကျောင်းသား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများမှာ ကျောင်းသား ၁၀ ဦးနှင့်ကျောင်းသူ ၁၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသည့် ကျောင်းသူ/သားများမှာ အမှတ် ( ၁၂) တပ်မတော်ဆေးရုံနှင့် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *