October 23, 2024

၄.၆.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ရွှေလီလမ်းနှင့်ကံ့ကော်လမ်း လမ်းဆုံတွင် မော်တော်ယာဥ်တစ်စီးမှ မီနီအိုးဝေအား အရှိန်လွန်၍ တိုက်မိရာက မီနီအိုးဝေမောင်းသည့်အမျိုးသား သေဆုံးသွားကြောင်း သိရသည်။

အဆိုပါယာဥ်တိုက်မူမှာ ဇွန်လ ၃ ရက် နေ့လယ် ၁၂ နာရီကျော်တွင် ရွှေလီလမ်းနှင့်ကံ့ကော်လမ်း လမ်းဆုံ၌ ရှေ့မှ မောင်းနှင်နေသည့် မီးနီအိုးဝေကို လားရာတူ အနောက်မှ မောင်းနှင်လာသည့် မော်တော်ယာဥ်က အရှိန်လွန်၍ တိုက်မိခဲ့၍ မီနီအိုးဝေမောင်းသူ သေဆုံးရခြင်းဖြစ်သည်။

“အိုးဝေသမားကတော့ နေပြည်တော် ကုတင် (၃၀၀) ဆေးရုံမှာ ဆေးကုသနေရင် ညနေခင်းမှာဆုံးသွားတယ်။ ကားသမားကတော့ နေပြည်တော်ထောင်ထဲမှာ။ ကားရှေ့လည်း ပျက်စီးသွားတယ်” ဟု ယင်းဖြစ်စဥ်ကို ကူညီပေးခဲ့သည့် ပုဗ္ဗသုခအလုံးစုံအခမဲ့နာရေးကူညီမှုအသင်းက ပြောသည်။

မီးနီအိုးဝေမောင်းသည့် အမျိုးသားမှာ အသက် (၃၀) ဝန်းကျင်ရှိပြီး တောင်ငူမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ပုဗ္ဗသုခအလုံးစုံအခမဲ့နာရေးကူညီမှုအသင်း

Leave a Reply

Your email address will not be published. Required fields are marked *