October 23, 2024

၄. ၆. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း မေလ ၂၈ ရက်ကစ PDF အဖွဲ့အချင်းချင်းအပြန်အလှန်ပစ်ခတ်မှု လေးကြိမ် ဖြစ်ပွားခဲ့ပြီး PDF တွေနဲ့ သူတို့မိသားစုဝင်တွေ သေဆုံး/ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

ဖြစ်စဉ်က ရွှေဘိုခရိုင်အတွင်းရှိ PDF ၂ ဦးဟာ မေလ ၂၈ ရက် နံနက်ပိုင်းက ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာရှိ မိဘများထံ လာရောက်စဉ် ကျေးရွာအဝင်မှာ ဒီပဲယင်းမြို့နယ်က ဒေသခံ PDF တွေနဲ့ စကားများရာက ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရွှေဘိုခရိုင်အတွင်းက PDF ၁ ဦးနဲ့ မိသားစုဝင် ၄ ဦး၊ စုစုပေါင်း ၅ ဦးသေဆုံးခဲ့သလို PDF ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။

ဒီလို ထွက်ပြေးလွတ်မြောက်သွားသူက ခေါင်းဆောင်ဖြစ်သူကို သတင်းပို့တိုင်ကြားခဲ့လို့ ခေါင်းဆောင်ဖြစ်သူက တည်တောကျေးရွာကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ဖို့ လာရောက်ရာမှာ ဒီပဲယင်းမြို့နယ် ဒေသခံ PDF တွေနဲ့ ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ၃ ဦး သေဆုံးသွားခဲ့တာပါ။

ဒီလိုမျိုး ပစ်ခတ်မှုဖြစ်စဥ်တွေက တည်တောရွာ PDF တွေနဲ့ ရွှေဘိုက မိုးကြိုးမုန်တိုင်းအဖွဲ့ လက်အောက်ခံ Black Tiger အဖွဲ့တို့ဖြစ်ပြီး စတင်သေဆုံးတာက Black Tiger PDF မိသားစုပါ။ ဒီလိုမျိုးပစ်ခတ်မှုက ၄ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး PDF နဲ့ မိသားစု ၁၁ ဦး သေဆုံးထားတယ်လို ရွှေဘိုခရိုင်တပ်ရင်း (၁၂) တပ်ရင်းမှူးက စာထုတ်ရေးသားထားသလို ပစ်ခတ်ကြတဲ့ တည်တောရွာက PDF တွေနဲ့ ပြည်သူတွေကို ရွှေဘိုခရိုင်တပ်ရင်း (၁၂) ရဲ့ က ပိတ်ဆို့ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့လို့ တည်တောရွာခံတွေက ထိုင်ကန်တော့တောင်းပန်တဲ့အထိ ဂယက်ရိုက်ခဲ့ပါသေးတယ်။ အခုဖြစ်စဥ်မှာလည်း လူ ၁၁ ဦးသေထားတဲ့အပြင် ရွှေဘိုခရိုင်တပ်ရင်း (၁၂)က တည်တော PDF ၈ ဦးနဲ့ တည်တောရွာက အမျိုးသမီး ၆ ဦးကို ဖမ်းဆီးသွားပြီး ဒီပြဿနာက တစ်ပတ်ကျော်လာတဲ့အထိ ရှုပ်ထွေးနေတုန်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *