October 22, 2024

အမျိုးသမီးများဘေးကင်းလုံခြုံမှုရှိသော နိုင်ငံများစာရင်းတွင်လည်း ၁၇၇ နိုင်ငံတွင် ၁၆၅ အဆင့်သာရပ်တည်နိုင်သည့်အထိ ဆိုးရွား

၄.၆. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်းရှိနိုင်ငံများထဲတွင်အမျိုးသမီးများအတွက် ဘေးကင်းလုံခြံမှုအပြည့်အဝမရှိသော နိုင်ငံအဖြစ်ရပ်တည်နေကြောင်း Seasia သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။

အဆိုပါသတင်းဌာနသည် အမေရိကန်အခြေစိုက် Georgetown Institute အဖွဲ့ကထုတ်ပြန်ခဲ့သော၂၀၂၃-၂၄ ခုနှစ်အတွက် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ(WPS) အညွှန်းကိန်းကို အခြေခံပြီး အာဆီယံဒေသအတွင်းရှိနိုင်ငံများထဲတွင် အမျိုးသမီးများအတွက် ဘေးကင်းလုံခြံမှုအပြည့်အဝမရှိသော နိုင်ငံများစာရင်းကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ဖော်ပြရာ မြန်မာနိုင်ငံသည် ရမှတ်  ၀ ဒသမ ၄၅၁ မှတ်ဖြင့် အာဆီယံဒေသအတွင်းနိုင်ငံများထဲတွင် အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံမှုမရှိသောနိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ဖိလစ်ပိုင်နိုင်ငံက ဒုတိယနေရာတွင် ရှိနေကြောင်း သိရသည်။

ထိုနည်းတူ မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမောနှင့် အင်ဒိုနိးရှားနိုင်ငံတို့သည် အာဆီယံဒေသအတွင်းနိုင်ငံများထဲတွင်အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံမှုမရှိသောထိပ်ဆုံးငါးနိုင်ငံထဲတွင် ရပ်တည်နေပြီး စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့သည် အရှေ့တောင်အာရှဒေသနိုင်ငံများထဲတွင် အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံမှုအရှိဆုံး ထိပ်သီးနိုင်ငံ သုံးနိုင်ငံထဲတွင် ပါဝင်နေကြောင်း သိရသည်။

Georgetown Institute အဖွဲ့က၂၀၂၃-၂၄ ခုနှစ်အတွက် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ(WPS) အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် ကမ္ဘာနိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် မြန်မာနိုင်ငံက ကမ္ဘာအဆင့် ၁၆၅ နေရာတွင်သာ ရပ်တည်နေကြောင်းလည်း သိရသည်။

Georgetown Institute သည် အမျိုးသမီးများ၏ လုံခြုံရေး၊ အမျိုးသမီးများပါဝင်ခွင့်နှင့် တရားမျှတမှုဆိုင်ရာအခြေအနေများကို အမှတ်ပေးကာ ကမ္ဘာအဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အာဖန်ဂန်နစ္စတန်နိုင်ငံက ကမ္ဘာအဆင့်အညွှန်းကိန်းအောက်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။

REF Seasia

Leave a Reply

Your email address will not be published. Required fields are marked *