October 22, 2024

၄.၆.၂၀၂၄
Written by TZ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးမှာ ဇွန်လ ၂ ရက် ညနေ (၆) နာရီဝန်းကျင်တွင် နေအိမ်ရှိ အဝတ်တန်းကြေးနန်းကြိုးပေါ် အင်္ကျီလှမ်းရာ အဝတ်တန်းမှာ ဓာတ်ကြိုးနှင့်ထိပြီး လျှပ်စစ်စီးဆင်းနေ၍ ဓာတ်လိုက်ပြီးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နေရာသို့ အိုးဘိုကျန်းမာရေးနှင့် Rescue အသင်းမှ ဓာတ်လိုက်နေသည့်အမျိုးသမီးကို စစ်ကိုင်းဆေးရုံသို့ အချိန်မီပို့ဆောင်သော်လည်း ဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

“အဝတ်တန်းက ကြေးနန်းကြိုးနဲ့လုပ်ထားတာ။ အဲ့ဒီမှာ ဓာတ်ကြိုးနဲ့ထိပြီး ဆုံးတာ။ ဓာတ်ကြိုးက ဘယ်နေရာမှာထိပြီး ပေါက်နေလဲတော့မသိဘူး”ဟု အိုးဘိုကျန်းမာရေးနှင့် Rescue အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ဓာတ်လိုက်သေဆုံးသည့် အမျိုးသမီးမှာ အသက် ၃၇ နှစ်အရွယ် မအေးသီတာဝင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အိုးဘိုကျန်းမာရေးနှင့် Rescue အသင်း

Leave a Reply

Your email address will not be published. Required fields are marked *