October 22, 2024

၃.၆. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ ပတွန်အရပ်ဒေသရှိ ဖီဆစ်ကိုရာနီလမ်းတွင် ဆိုင်ကယ်အက်စီးဒန့်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက်မီဒီယာများကရေးသားဖော်ပြထားသည်။

ပတွန်ရဲတပ်ဖွဲ့သည် ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းက ဖီဆစ်ကိုရာနီလမ်းတွင် အက်စီးဒန့်ဖြစ်ပွားသည်ဆိုသော သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား သက်မွန်လှိုင်အား သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

သက်မွန်လှိုင်သည် ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းတွင် အသက် ၂၀ အရွယ်ရှိ အစ္စရေးနိုင်ငံသားတစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။

သက်မွန်လှိုင်သည် ဟွန်ဒါဇူးမား အမျိုးအစား ဆိုင်ကယ်ကို စီးနင်းခဲ့ပြီး အစ္စရေးနိုင်ငံသားသည် ဖူးခက်မြို့တွင်မှတ်ပုံတင်ထားသော ယာမာဟာ အမျိုးအစားဆိုင်ကယ်ကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်အချင်းချင်း ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီးမြန်မာနိုင်ငံသား သက်မွန်လှိုင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဖူးခက်သတင်းတွင် ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် ဆိုင်ကယ်အက်စီးဒန့်ဖြစ်ပွားရသောအကြောင်းရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ မျက်မြင်သက်သေများကိုလည်း မေးမြန်းနေကြောင်း သိရသည်။

REF thephuketnews

Leave a Reply

Your email address will not be published. Required fields are marked *