October 22, 2024

၃. ၆. ၂၀၂၄
Written by Nyein Kyaw

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းအပ်နှံသူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျောင်းသား/ ကျောင်းသူဦးရေ ၆,၂၁၀,၇၉၄ (၆ ဒသမ ၂ သန်းကျော်) တက်ရောက်ပညာသင်ကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ ထုတ်ပြန်ထားသည်။

ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ပြုလုပ်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၆,၃၉၄,၅၂၈ ဦး (၆ ဒသမ ၃၉၄ သန်း)ရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လ ၂ ရက်(ယနေ့)တွင် ကျောင်းတက်ရောက်သူဦးရေ ၆ ဒသမ ၂ သန်းကျော် တက်ရောက်ခဲ့သဖြင့် ကျောင်းအပ်နှံသူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပဋိပက္ခကာလအတွင်း ကျောင်းမတက်ရန် လှုဆော်ခဲ့မှုများကြောင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ၅ ဒသမ ၆ သန်းကျော်သာရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကာလအတွင်း ကျောင်းအပ်နှံသူဦးရေ ၆ သန်းခွဲရှိပြီး ကျောင်းများ ဖွင့်လှစ်သည့်တိုင် ကျောင်းအပ်နှံရန် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျောင်းအပ်နှံသူဦးရေ ၈ ဒသမ ၁ သန်းကျော်အထိ ရှိခဲ့သည်။ ယခုနှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ယခင်နှစ်ထက် ကျောင်းအပ်သူ ၇၀၀၀၀ ခန့်လျော့နည်းနေသော်လည်း ဆက်လက်အပ်နှံနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *