October 22, 2024

၃.၆.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ၁ နှစ် ၅ လအရွယ် ကလေးတစ်ဦးမှာ ကော်ဖီအပူလောင်သဖြင့် ဆေးဝါးကုသရန် ကုသစရိတ် အခက်အခဲရှိနေ​ကြောင်း ကူညီဆောင်ရွက်ပေးသည့် လက်ဖက်ညွန့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

မေလနောက်ဆုံးအပတ်က ကော်ဖီဖျော်ထားသောခွက်ကို တစ်နှစ်ငါးလအရွယ် ကလေးကသွားကိုင်စဥ် ကော်ဖီခွက်မှောက်သဖြင့် ကလေး၏မျက်နှာနှင့် ရင်ဘတ်တို့တွင် ရေနွေးအပူလောင်သော ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသော်လည်း အဆင်မပြေဖြစ်နေရသည်။

“ကလေးက မျက်နှာနဲ့ ရင်ဘတ်တွေ ဆီးခုံပေါ်မှာပါ အပူလောင်ထားတာ တော်တော်များတယ်၊၊ မိဘတွေကလည်း မတတ်နိုင်ကြဘူး”ဟု လက်ဖက်ညွန့်လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ကော်ဖီအပူလောင်သော ကလေးငယ်မှာ လက်ရှိတွင် မူဆယ်မြို့​​ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ကလေး၏ မိသားစုက ဆင်းရဲနွမ်းပါးသောကြောင့် အသင်းထံ အကူအညီတောင်းခံလာခြင်းဖြစ်ပြီး ဆက်သွယ်လှူဒါန်းလိုပါက လက်ဖက်ညွှန့်လှုမှုကူညီရေးအသင်း ဖုန်း –၀၉၂၅၂၉၃၃၅၆၆၊ ၀၉၄၅၃၇၇၇၅၄၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *