October 22, 2024

၃.၆.၂၀၂၄
Written By Zun

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်မှု ယနေ့ဇွန်လ ၃ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဓားပြတိုက်ခံရသည့် ရွှေဆိုင်တာဝန်ရှိသူက MT News ကို ဇွန်လ ၃ ရက် ညနေ ၄ နာရီကျော် အချိန်က အတည်ပြုပြောကြားသည်။

“ဓားပြတိုက်တာဟုတ်ပါတယ်။ ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာတာ။ ပစ္စည်းရောင်းမယ့် ပုံစံမျိုး ဝင်လာပြီးမှ လူ လေးယေက်က သေနတ် ၂ လက်နဲ့ ဆိုင်ခန်းထဲကို ဝင်စီးပြီး ဓားပြတိုက်သွားတယ်။ ကျွန်တော်တို့က ဆိုင်သေးတယ်။ ရှိသလောက် အားလုံး ပါသွားတယ်။ စုစုပေါင်း ရွှေ ကျပ်ချိန် ၄၀ သားလောက် ရှိမယ်ဗျ”ဟု ယင်းတာဝန်ရှိသူက ပြောပြသည်။

ယင်းရွှေဆိုင်သည် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် ၊ ဈေးအနီးရှိ ရွှေမင်းသမီးရွှေဆိုင် ဖြစ်ပြီး ဓားပြတိုက်သူများမှာ KIA/PDF များဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရွှေဆိုင်ဓားပြတိုက်ခံရမှု ဖြစ်စဉ်က ယခင်က မရှိခဲ့သောကြောင့် ယခုဖြစ်စဉ်မှာ ပထမဆုံး ဖြစ်ကြောင်း၊ လတ်တလောတွင် အဆိုပါ ကိစ္စကို လိုက်လံစုံစမ်းမှုများ ပြုလုပ်နေကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *