October 18, 2024

၂၁.၁၂.၂၀၂၂
Written by Nay Aung

ထိုင်းအခြေစိုက် စွမ်းအင်ကုမ္မဏီဖြစ်သော PTT ၏ လက်အောက်ခံဖြစ်သော PTTOR စွမ်းအင်ကုမ္မဏီသည် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေခြင်းနှင့်ပတ်သက်ပြီး နော်ဝေးရန်ပုံငွေအဖွဲ့က လူအခွင့်ရေးများချိုးဖောက်မှုများရှိနေသည်ဟု စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေခြင်းမှာ မြန်မာပြည်သူများကို ကူညီပေးနေခြင်းဖြစ်ကြောင်း PTTOR က ကာကွယ်ပြောဆိုလိုက်သည်။

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့များအနက်တစ်ခုဖြစ်သည့် နော်ဝေးရန်ပုံငွေ (Norway’s Sovereign Wealth Fund) လုပ်ငန်းစုက တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် စီးပွားရေးလုပ်ဆောင်နေသည့်အတွက် PTT နှင့် PTTOR ကို ဖယ်ထုတ်လိုက်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် PTTOR က တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နော်ဝေးရေနံရန်ပုံငွေအဖွဲ့က “PTT PCL (PTT) နဲ့ လက်အောက်ခံ PTT Oil and Retail Business PCL (PTTOR) ကုမ္ပဏီတွေဟာ စစ်ပွဲ သို့မဟုတ် ပဋိပက္ခအခြေအနေတွေမှာ ဆိုးရွားတဲ့ ပုဂ္ဂလိကအခွင့်အရေးချိုးဖောက်မှုတွေကို အားပေးကူညီနေပြီး သူတို့ကြောင့်ဖြစ်လာတဲ့ အန္တရာယ်တွေကို လက်ခံနိုင်ဖွယ်မရှိတဲ့အတွက် ထုတ်ပယ်ဖို့ အမှုဆောင်ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တယ်” ဟု ဒီဇင်ဘာ ၁၅ရက်နေ့ ထုတ်ပြန်သည့်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း PTTOR က ၎င်းတို့အနေဖြင့် အမှားအယွင်းတစ်စုံတရာမလုပ်ခဲ့ကြောင်း တုံ့ပြန်ကာကွယ်ထားသည်။ PTTOR ၏ အမှုဆောင်အရာရှိချုပ်အသစ်ဖြစ်သော ဒီဆာဒက်ပန်ရာယာချန်က မြန်မာနိုင်ငံတွင် ၎င်းတို့ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ချိန်အတွင်း လူအခွင့်ရေးချိုးဖောက်ခဲ့မှုမျိုးမရှိကြောင်း၊ မြန်မာပြည်သူများ၏ ဘဝအရည်သွေး ပိုမိုကောင်းမွန်စေရန်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

နော်ဝေးရန်ပုံငွေအဖွဲ့သည် ကမ္ဘာပေါ်ရှိ ရန်ပုံငွေအဖွဲ့များထဲတွင်အကြီးဆုံး ရန်ပုံငွေအဖွဲ့များထဲတွင်ပါဝင်နေပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် PTT Exploration & Production Plc (PTTEP) ၊ PTTOR တို့ကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းများကို ငွေကြေးထောက်ပံ့ကူညီပေးထားကြောင် းသိရသည်။ PTTOR သည် မြန်မာနိုင်ငံတွင် လောင်စာဆီအရောင်းဆိုင် ၃ ဆိုင်နှင့် Café Amazon coffee ဆိုင် ၈ ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သိရသည်။

Ref thaienquirer

Leave a Reply

Your email address will not be published. Required fields are marked *