October 22, 2024

၃.၆.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ မဒ္ဒရာပရာဒက်ရှ်ပြည်နယ်၊ ရာ့ဂျ်ဂါ ခရိုင်အတွင်းမှာ ဇွန်လ ၂ ရက်ညက လယ်ထွန်စက် နောက်တွဲယာဉ်တစ်စီး ပက်လက်လန်တိမ်းမှောက်ခဲ့ရာမှာ ကလေးလေးဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ရတယ်လို့ ဇွန်လ ၃ ရက်သတင်းများက ဖော်ပြခဲ့ကြပါတယ်။

နောက်တွဲပါတဲ့လယ်ထွန်စက်နဲ့ မောင်းလာတဲ့ယာဉ်က ထိန်းချုပ်မရဖြစ်ကာ ပက်လက်လန်တိမ်းမှောက်ခဲ့တာလို့သတင်းတွေက ဆိုပါတယ်။ ယာဉ်တိမ်းမှောက်မှုမှာ ၁၅ ဦးခန့်ဒဏ်ရာရခဲ့ပြီး နှစ်ဦးက ဒဏ်ရာပြင်းထန်လို့ ဘိုလ်ပါးမြို့ဆေးရုံကို ပို့ခဲ့ရပါတယ်။ ကျန်ဒဏ်ရာရသူတွေကိုတော့ ရာ့ဂျ်ဂါ ခရိုင်ဆေးရုံမှာကုသနေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ ဒဏ်ရာရသူတွေအနေနဲ့ ကောင်းစွာစကားပြောဆိုနိုင်တဲ့အခြေအနေမှာ မရှိကြဘူးလို့လည်း သိရပါတယ်။

အဆိုပါဖြစ်ရပ်က ပြည်နယ်မြို့တော် ဘိုပါးလ်မြို့မြောက်ဘက် ကီလိုမီတာ ၁၅၀၊ ရာဂျာစဌာန်ပြည်နယ်ရဲ့ အနောက်ဘက် နှစ်ကီလိုမီတာအကွာမှာ ဇွန်လ ၂ ရက် ည ၉ နာရီက ဖြစ်ခဲ့တာပါ။

ယာဉ်ပေါ်ပါသူတွေက ရာဂျာစဌာန်ပြည်နယ်အတွင်း မိုတီပူရာ အမည်ရှိကျေးရွာလေးမှ ဖြစ်ကြပြီး ဂူဂျာရတ်ပြည်နယ်၊ ပစ်လိုဒီမြို့ကို မင်္ဂလာဆောင်ပွဲတစ်ခု တက်ဖို့လာကြတာပါ။တချို့ကလည်း ဆိုင်ကယ်တွေ စီးလာကြတယ်လို့ဆိုပါတယ်။

Ref- The Times of India

Leave a Reply

Your email address will not be published. Required fields are marked *