October 21, 2024

၃.၆.၂၀၂၄
Written by TZ

ဇွန်လ ၂ ရက် ည ၇ နာရီဝန်းကျင်တွင် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေနံမကျေးရွာရှိ ကျောက်မီးသွေးလုပ်ငန်း၌ မြေအောက်ကျွင်းတူးရင်း ရေဝင်၍ အသက် ၂၀ ကျော် အမျိုးသား ၂ ဦးရေမွန်းပြီး သေဆုံးသွားကြောင်း သိရသည်။

ထိုဖြစ်စဥ်နေရာ၌ သေဆုံးသည့် အမျိုးသား( ၂) ဦးကို အဆိုပါကျောက်မီးသွေးလုပ်ငန်းမှ မော်တော်ယာဥ်ဖြင့် အထက်မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးပြီးနောက် ရုပ်အလောင်းများကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အသင်းယာဥ် ( ၂) စီးဖြင့် ငဖဲမြို့နယ်၊ ငရံ့ချောင်းရွာနှင့် ချင်းရွာကျေးရွာရှိ ၎င်းတို့၏နေအိမ်သို့ ရုပ်အလောင်းများကို ပို့ဆောင်လိုက်ကြောင်း သိရသည်။

“မြေအောက်တွင်းတူးတာ။ မိုးကလည်းရွာတော့ အဲ့မှာရေဝင်ပြီး သူတို့ရေနစ်မွမွန်းပြီး ဖြစ်သွားတာ။ သူတို့ကို ကျောက် မီးသွေးလုပ်ငန်းက ဆေးရုံကိုပို့တာ။ ကျွန်တော်တို့က အလောင်းတွေကို ဆေးရုံကနေတစ်ဆင့် အိမ်ထိလိုက်ပို့တာ”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ဓာတ်ပုံ – ပရဟိတမင်းခေါင်ရှာဖွေယ်ကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *