October 21, 2024

၃. ၆. ၂၀၂၄
Written by Nyein Kyaw

ဇွန်လ ၁ ရက်မှစတင်၍ MIC ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ထုတ်လုပ်ရန် SKD နှင့် CKD စနစ်တို့နှင့် တင်သွင်းမည့် လောင်စာဆီသုံးယာဉ်များအား အမျိုးအစားအပေါ်မူတည်ကာ လက်ရှိအကောက်ခွန်နှုန်းထက် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချသတ်မှတ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၄) ဖြင့် ထုတ်ပြန်ကြေညာထားသည်။

စီးပွားရေးပြန်လည်ကောင်းမွန်တိုးတက်လာစေရန်နှင့် ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အထောက်အကူပြုစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ ထုတ် လုပ်မည့် လောင်စာဆီသုံးယာဉ်များ Semi-Knocked Down (SKD) စနစ်နှင့် Completely Knocked Down (CKD) စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။

2000 CC နှင့်အောက် လူစီးမော်တော်ယာဉ်၊ 2001 CC နှင့်အထက် လူစီးမော်တော်ယာဉ်၊ သုံးဘီးမော်တော်ယာဉ်၊ လူစီးနှင့် ကုန်တင်၊ BUS များ၊ Truck/Body Building ပြုလုပ်ရန် Truck များအား အကောက်ခွန်နှုန်းထား SKD အတွက် ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် CKD အတွက် ၅ ရာခိုင်နှုန်း ကောက်ခံနေခြင်းဖြစ်သည်။

2000 CC အောက်၊ 2000 CC၊ 2001 CC နှင့်အထက် လူစီးမော်တော်ယာဉ်များအား SKD အတွက် ၅ ရာခိုင်နှုန်းနှင့် CKD အတွက် ၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ သုံးဘီးမော်တော်ဆိုင်ကယ် (လူစီး)များအား SKD အတွက် ၅ ရာခိုင်နှုန်းနှင့် CKD အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ သုံးဘီးမော်တော်ဆိုင်ကယ် (ကုန်တင်)၊ BUS များနှင့် Truck/Body Building ပြုလုပ်ရန် Truck များအား SKD အတွက် ၃ ရာခိုင်နှုန်းနှင့် CKD အတွက် ၃ ရာခိုင်နှုန်းသို့လည်းကောင်း ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ အကောက်ခွန်နှုန်းထား SKD နှင့် CKD နှစ်လုံးကို ၃ ရာခိုင်နှုန်း ကောက်ခံနေသည့် မော်တော်ဆိုင်ကယ်များအား SKD နှင့် CKD နှစ်လုံးအတွက် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့ပြီး အဆိုပါ အကောက်ခွန်နှုန်းထား ဖြေလျှော့ပေးမှုသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမည်ဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *