October 21, 2024

၃.၆.၂၀၂၄
Written By Thandar

၁၁ ကြိမ်မြောက်ကျင်းပမယ့် မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲဖြစ်တဲ့ Miss Universe Myanmar 2024 ပြိုင်ပွဲကြီးမှာ ပရိသတ်မဲပေးရွေးချယ်မှု အများဆုံးရရှိတဲ့ အလှမယ်ကို Miss Universe Myanmar 2024 ရဲ့ Top 6 အနေနဲ့ ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Voting စနစ်အတွက် Official Voting Partner အနေနဲ့ ပါဝင်ထားတဲ့ Bigo Live Myanmar application မှာ ဝင်ရောက်မဲပေးနိုင်တယ်လို့ သိရပါတယ်။ လက်ရှိစာရင်းတွေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုယ်စားပြုအလှမယ် ၁၀ ဦးက မဲအများဆုံး ရရှိထားတယ်လို့ သိရပါတယ်။

မေလ ၂၅ ရက်ကစတင်ပြီး လက်ရှိအချိန်ထိ Voting Result အရ ပရိသတ်မဲပေးမှု အများဆုံး ရရှိထားသူ ၁၀ ဦးက Yangon East ကိုယ်စားပြုအလှမယ်၊ Myawady ကိုယ်စားပြုအလှမယ်၊ Thanbyuzayat ကိုယ်စားပြုအလှမယ်၊ Bago ကိုယ်စားပြုအလှမယ်၊ Mandalay ကိုယ်စားပြုအလှမယ်၊ Tachileik ကိုယ်စားပြုအလှမယ်၊ AungBan ကိုယ်စားပြုအလှမယ်၊ Taungoo ကိုယ်စားပြုအလှမယ်၊ Yangon(South) ကိုယ်စားပြုအလှမယ်နဲ့ HlaingBwe ကိုယ်စားပြုအလှမယ်တို့ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားပြုအလှမယ် ၅၂ ဦး ပါဝင်ယှဉ်ပြိုင်မယ့် Miss Universe Myanmar 2024 ပြိုင်ပွဲကြီးရဲ့ Grand Final Competition ကို လာမယ့် ဇွန် ၇ ရက်ည‌နေပိုင်းမှာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ Yangon Convention Center (YCC) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *