October 21, 2024

၃.၆.၂၀၂၄
Photo @ Written by TZ

နေပြည်တော်ကောင်စီနယ်၊ ဇမ္ဗူသီရိမြို့နယ်၊ အ-ထ-က (၆) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသူ၊ ကျောင်းသား ၁၅၁၀ ဦး အပ်နှံတက်ရောက်နေပြီး ယခင်နှစ်ထက် ကျောင်းတက်ရောက်သူ များပြားကြောင်း ကျောင်းအုပ်ကြီးဦးဝင်းခိုင်မှ MT News သို့ ဖြေကြားသည်။

ဇွန်လ ၃ ရက်နေ့မှစတင်၍ အခြေခံကျောင်းများဖွင့်လှစ်ပြီး ဇမ္ဗူသီရိမြို့နယ်၊ အ-ထ-က (၆) တွင် KG ကျောင်းသူ/သား (၇၃) ဦး၊ G-1-ကျောင်းသူ/သား (၈၈) ဦး၊ G-2-ကျောင်းသူ/သား (၁၁၅)၊ G-3 ကျောင်းသူ/သား (၁၄၅)၊ G- 4 ကျောင်းသူ/သား (၉၄) ဦး၊ G-5 ကျောင်းသူ/သား (၁၄၁) မူဆင့်စုစုပေါင်း(၇၅၉)၊ G-6 ကျောင်းသူ /သား (၁၂၁)၊ G-7 ကျောင်းသူ/သား (၁၅၄)၊ G-8 ကျောင်းသူ/သား (၁၉) ဦး၊ G-9 ကျောင်းသူ/သား (၁၂၄) ဦး လယ်ဆင့်စုစုပေါင်း (၄၁၃)။ (G-10 (Steams-1) ကျောင်းသူ/သား (၁၀၈) ဦး၊ G-10 (Steams-2) ကျောင်းသူ/သား (၂၇) ဦး G-10-စုစုပေါင်း-(၁၃၅)။ G-11 (Steam-1) ကျောင်းသူ/သား (၁၀၁) ဦး၊ G-11 (Steam-2) ကျောင်းသူ/သား (၃၃) ဦး G-11 စုစုပေါင်း- (၁၃၄)။ (G-12(Steams-1) ကျောင်းသူ/သား (၄၉) ဦး၊ G-12(Steams-2) ကျောင်းသူ/သား (၂၀) ဦး) G-12 စုစုပေါင်း (၆၉) ဦး။ ထပ်ဆင့်ပေါင်း (၃၃၈) ဖြစ်ပြီး အားလုံးစုစုပေါင်း (၁၅၁၀) ဦးတို့ အပ်နှံတက်ရောက်နေခြင်းဖြစ်ကြောင်း MT News က သိရသည်။

“ကျောင်းတက်ဦးရေက မနှစ်ကထက် (၁၀၀) ကျော်များတယ်”ဟု ဇမ္ဗူသီရိမြို့နယ် အ-ထ-က (၆) ကျောင်းအုပ်ကြီး ဦးဝင်းခိုင်မှ MT News သို့ ဖြေကြားသည်။

ယခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းနီးပါးရှိကြောင်း ပညာ‌ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *