October 21, 2024

၃. ၆. ၂၀၂၄
Written by Naing Thuta

၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအား ဇွန်လ ၃ ရက်နေ့ (ယနေ့တွင်) စတင်ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အသီးသီး ၌လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စတင်တက်ရောက်နေကြောင်း သိရသည်။

“ဒီနှစ်က မနှစ်ကထက် ကျောင်းအပ်တဲ့သူများသလို တက်တဲ့သူလည်းများမယ့် နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ ပြီးတော့ မန္တလေးကိုစစ်ဖြစ်တဲ့နေရာကနေ ပြောင်းလာပြီး ကျောင်းလာတက်တဲ့သူတွေလည်း အရမ်းများလာတာလည်း တွေ့ရပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးမှ MT News သို့ပြောသည်။

ကျောင်းစတင်တက်ရောက်သူ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များမှ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ သတ်မှတ်ထားခဲ့ခြင်းဖြစ်သော်လည်း ကျောင်းသား၊ ကျောင်းသူများများကို ကျောင်းဖွင့်သည့်တိုင်အောင် ဆက်လက်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *